DVB Logo
Home
နိုင်ငံတကာ
လိင်တူလက်ထပ်မှု ဥပဒေကြမ်း ထိုင်းအထက်လွှတ်တော် အတည်ပြု
DVB
·
June 18, 2024
လိင်တူလက်ထပ်မှု ဥပဒေကြမ်း ထိုင်းအထက်လွှတ်တော် အတည်ပြု
Donate to DVB

လိင်တူလက်ထပ်မှု ဥပဒေကြမ်းကို ထိုင်းအထက်လွှတ်တော်မှာ ဇွန် ၁၈ ရက်က ဖတ်ကြားအတည်ပြုအပြီးမှာ အာရှတိုက်မှာ နီပေါနဲ့ ထိုင်ဝမ်ပြီးရင် လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုတဲ့ တတိယမြောက် နိုင်ငံဖြစ်ဖို့ ရှိနေပါတယ်။

ထိုင်းအထက်လွှတ်တော်မှာ ထောက်ခံမဲ ၁၃၀၊ ကန့်ကွက်မဲ ၄ မဲ၊ ပျက်ကွက်မဲ ၁၈ မဲ နဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

အခုအခါဥပဒေကို ဘုရင့်သဘောတူညီချက်ရယူဖို့ နန်းတော်ကို ပေးပို့လိုက်ပြီဖြစ်ပါတယ်။ ဒီဥပဒေကို တော်ဝင်ပြန်တမ်းမှာ ပုံနှိပ်ဖော်ပြပြီး ရက် ၁၂၀ ကြာရင် စတင် အသက်ဝင်တော့မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ ပထမဆုံး ကျားမမခွဲခြားဘဲ သာတူညီမျှ လက်ထပ်ခွင့်ရှိတဲ့နိုင်ငံ ဖြစ်လာတော့မှာပါ။

မူလကတည်းက ထိုင်းဟာ LGBTQ+ တွေကို  နွေးနွေးထွေးထွေးလက်ခံတဲ့ ဓလေ့ရှိတဲ့နေရာအဖြစ် ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ ထင်ရှားခဲ့တာဖြစ်ပါတယ်။

ဒီဥပဒေကြမ်းဟာ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေ ဆယ်နှစ်ကျော်ကြာ ကြိုးပမ်းခဲ့အပြီးမှ အကောင်အထည်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဥပဒေအတည်ပြုနိုင်တဲ့ အထိမ်းအမှတ်အနေနဲ့ ဝန်ကြီးချုပ်ဟာ အစိုးရအိမ်တော်ကို ဖွင့်ပေးထားမှာဖြစ်ပြီး  ဥပဒေထောက်ခံသူတွေဟာ ပါလီမန်ကနေ ဝန်ကြီးချုပ်ရုံးအထိ ချီတက်ကြမှာ ဖြစ်ပါတယ်။

Source- Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013