DVB Logo
Home
နိုင်ငံတကာ
စိတ်မချမ်းသာစရာများကြောင့် ကမ္ဘာတဝန်း သတင်းများကို ရှောင်လွှဲသူများလာ
DVB
·
June 17, 2024
စိတ်မချမ်းသာစရာများကြောင့် ကမ္ဘာတဝန်း သတင်းများကို ရှောင်လွှဲသူများလာ
Donate to DVB

စိတ်မချမ်းသာစရာကောင်းတာ၊ ဖြစ်စဉ်တွေက မပြီးဆုံးနိုင်တော့တာ၊ ပျင်းစရာကောင်းတာတွေကြောင့် သတင်းတွေကို ရှောင်လွှဲလာကြသူတွေ ပိုများလာတယ်လို့ တကမ္ဘာလုံး အတိုင်းအတာနဲ့ လုပ်တဲ့ စစ်တမ်းတခုက ဖော်ပြပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်၊ ရိုက်တာအင်စတီကျုက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကမ္ဘာတဝန်းက လူ ၁၀ ဦးမှာ ၄ ဦး (၃၉ ရာခိုင်နှုန်း) က တခါတရံ၊ မကြာခဏဆိုသလို သတင်းတွေကို ရှောင်လွှဲလာကြတယ်လို့ ဆိုပါတယ်။ ဒါဟာ ၂၀၁၇ တုန်းက ၂၉ ရာခိုင်နှုန်းပဲ ရှိခဲ့တာထက်စာရင် ပိုများလာတာ ဖြစ်ပါတယ်။

ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲ သတင်းတွေပဲ မြင်နေရတာက လူတွေ သတင်းမကြည့်ချင်တော့တဲ့ အကြောင်းရင်းထဲက တခုလို့ ဆိုပါတယ်။ သတင်းကို ရှောင်လွှဲမှုဟာ စံချိန်တင် မြင့်လာတယ်လို့ ဆိုပါတယ်။

ဒီနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း နိုင်ငံပေါင်း ၄၇ နိုင်ငံက အရွယ်ရောက်ပြီးသူ တသိန်းနီးပါးကို စစ်တမ်းကောက်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာတဝန်း လူသန်းထောင်ချီပြီး နိုင်ငံလုံးဆိုင်ရာနဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ မဲပေးနေတဲ့အချိန် ဒီစစ်တမ်းကို ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဟာ အမေရိကန်လိုနိုင်ငံတချို့မှာ သတင်းကို စိတ်ဝင်စားမှု မြင့်တက်စေတဲ့ အကြောင်းအရာတခုအဖြစ် ဆက်ရှိနေပါတယ်။

ဒါပေမဲ့ အရပ်ရပ် လားရာကတော့ အောက်ပဲထိုးဆင်းနေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ကမ္ဘာတဝန်းမှာ သတင်းတွေကို အရမ်းစိတ်ဝင်စားတယ်ဆိုတဲ့ အရေအတွက်ဟာ ၄၆ ရာခိုင်နှုန်းပဲ ရှိတော့ပြီး ၂၀၁၇ တုန်းက ၆၃ ရာခိုင်နှုန်း ရှိခဲ့တာနဲ့ယှဉ်ရင် သိသိသာသာ ကျဆင်းသွားပါတယ်။

တီဗွီနဲ့ သတင်းစာလို ပုံနှိပ်မီဒီယာတွေကနေ သမားရိုးကျသတင်းကြည့်ရှုတာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း သိသိသာသာ ကျဆင်းသွားပါတယ်။ လူငယ်တွေက အွန်လိုင်းနဲ့ လူမှုကွန်ရက်ကနေ သတင်းတွေ ရယူကြတယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်အပေါ် မှီခိုမှု ပြန်ကျလာပေမဲ့ သတင်းအတွက် အရေးကြီးဆုံး လူမှုကွန်ရက်အဖြစ် ဆက်ရှိနေတုန်း ဖြစ်ပါတယ်။

Youtube နဲ့ WhatsApp က အရေးပါတဲ့ သတင်းရင်းမြစ်အဖြစ် ဆက်ရှိနေသလို TikTok က X  ကို ကျော်တက်သွားပါတယ်။

စစ်တမ်းကောက်ယူခဲ့တဲ့ ၄၇ နိုင်ငံမှာ အရှေ့တောင်အာရှက ထိုင်း၊ မလေးရှား၊ အင်ဒို၊ စင်ကာပူတို့ ပါဝင်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013