
အစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)တို့ ၆ ကြိမ်မြောက် အပစ်ရပ် ဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက် ဒီနေ့ နံနက် ၉နာရီကနေ စပြီး ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ စတင်ကျင်းပနေပါတယ်။
ဒီ ၆ ကြိမ်မြောက်ဆွေးနွေးပွဲကို ၅ ရက်တိုင်တိုင်ကျင်းပဖို့ စီစဉ်ထားပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို အပြီးသတ်ဆွေးနွေးဖို့လည်း နှစ်ဖက်စလုံးက မျှော်လင့်ထားပါတယ်။
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) ဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့အတူ အစိုးရဘက်က ကိုယ်စားလှယ်သစ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦးလည်း ပါဝင်တက်ရောက်နေပါတယ်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)ဘက်ကတော့ နိုင်ဟံဟာ ခေါင်းဆောင်ပြီး ပါဝင်ဆွေးနွေးနေပါတယ်။
အစိုးရဘက်ကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို အချောသတ် ဆွေးနွေးပြီးရင် လာမယ့် အောက်တိုဘာလကုန်ပိုင်းမှာ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုးနိုင်ဖို့ မျှော်လင့်နေသလို ၂၀၁၅ ခုနှစ်ဆန်းပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ရည်ရွယ်ချက်ထား ရှိပါတယ်။
ဓာတ်ပုံ- ထွန်းထွန်းသိန်း
[gallery columns="2" ids="65645,65646,65647,65648,65649,65650,65651"]











