Home
အားကစား
နောက်ဆုံးရ ယူရို ၂၀၂၄ သတင်းများ စုစည်းတင်ပြချက်
DVB
·
June 16, 2024

အင်္ဂလန်အသင်း ရေပန်စားမှုနှင့် ထိုက်တန်ကြောင်း ဟယ်ရီကိန်း ပြော

အင်္ဂလန်အသင်းဟာ ရေပန်းစားမှုနဲ့ ထိုက်တန်ကြောင်း အသင်းခေါင်းဆောင်ဟယ်ရီကိန်းက ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ယူရို ၂၀၁၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားနေတဲ့အသင်းလည်း ဖြစ်ပါတယ်။ 

အင်္ဂလန် အသင်းဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားနေပမဲ့ မိမိတို့ တစ်ဦးချင်းနဲ့ အသင်းလိုက် ကစားပုံကောင်းအောင်ကြိုးစားရမှာဖြစ်ကြောင်း ဟယ်ရီကိန်းက ပြောပါတယ်။

ယူရို ၂၀၁၄ ပြိုင်ပွဲ အုပ်စု C မှာပါဝင်တဲ့ အင်္ဂလန်အသင်းဟာ ဆားဘီးယားအသင်းနဲ့ ဇွန် ၁၇ ရက် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ 

နယ်သာလန်နှင့်ပွဲစဥ်ကို လီဝန်ဒေါ့စကီး လွဲချော်ဖွယ်ရှိ

နယ်သာလန်အသင်းနဲ့ ဒီနေ့ည ကစားမယ့် ယူရို ၂၀၁၄ ပွဲစဥ်ကို ပိုလန်အသင်းခေါင်းဆောင် လီဝန်ဒေါ့စကီး လွဲချော်မှာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ လီဝန်ဒေါ့စကီးဟာ အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်လို့ နယ်သာလန်နဲ့ပွဲမှာ အရန်ကစားသမားအဖြစ် ပါဝင်ဖွယ်ရှိပါတယ်။ 

နယ်သာလန်နည်းပြ ရော်နယ်ကိုးမန်းက မိမိတို့အသင်းမှာ နောက်ခံလူ ဒီဂျောင်မပါဝင်ပေမဲ့ အသင်းက ယုံကြည်မှုအပြည့်ရှိကြောင်း၊ အကောင်းဆုံးကစားသမားတွေကို ရွေးချယ်ထားတာဖြစ်လို့ ရလဒ်ကောင်းတွေရမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

စံချိန်သစ် ၂ ခုရခဲ့သော လာမိန်းယာမယ် အလားအလာကောင်းသူဖြစ်ကြောင်း နည်းပြချီးကျူး

လာမိန်းယာမယ်ဟာ စံချိန်တွေကို ချိုးဖြတ်နိုင်ခဲ့ပြီး သူ အရွယ်ရောက်လာရင် ကြီးကျယ်တဲ့ ကစားသမားအဖြစ် ရပ်တည်နိုင်မယ်လို့ ထင်ပါတယ်လို့ စပိန်နည်းပြက ချီးကျူးပြောဆိုခဲ့ပါတယ်။​ 

လူငယ်ကစားသမား လာမိန်းယာမယ်ဟာ အသက် ၁၆ နှစ်နဲ့ ၃၃၈ သာ ရှိတာကြောင့် ယူရိုပြိုင်ပွဲတလျှောက် အသက်အငယ်ဆုံး ကစားသမားဖြစ်သလို ဒီပွဲမှာ ကာဗာဂျယ် စပိန်အသင််းအတွက် တတိယဂိုးသွင်းနိုင်အောင် ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တာကြောင့် စံချိန်သစ် ၂ ခုတင်နိုင်ခဲ့တာဖြစ်ပါတယ်။ 

စပိန်အသင်းဟာ ခရိုးအေးရှားနဲ့ကစားခဲ့တဲ့ပွဲမှာ ၃ ဂိုးပြတ်အနိုင်ရပြီး အဖွင့်ပွဲစဥ်မှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

စပိန်အသင်းကို ဂိုးပြတ်ရှုံးခဲ့သဖြင့် ခရိုအေးရှားပရိသတ်များ စိတ်ပျက်

စပိန်အသင်းကို ရှုံးနိမ့်ခဲ့တာ စိတ်ပျက်စရာဖြစ်ကြောင်း ခရိုအေးရှားပရိသတ်တဦးက ပြောပါတယ်။ 

စပိန်နဲ့ ခရိုအေးရှားပွဲကို ခရိုအေးရှားပရိသတ်များစွာ လာရောက်အားပေးခဲ့ပေမဲ့ ပရိသတ်တွေ ပျော်ရွှင်ခွင့်မရခဲ့ပါဘူး။ 

ပြီးခဲ့တဲ့ပွဲမှာ ခရိုအေးရှားပရိတ် ၅ သောင်းခန့် လာရောက် အားပေးခဲ့ပြီး လက်မှတ်မရတဲ့ ပရိသတ်တွေက Fan Zone ရှိ ရုပ်သံမှတဆင့် တစ်ခဲနက် အားပေးခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ပွဲမှာ စပိန်ပရိသတ် ၁၃ ယောက်လောက်ပဲ ကျနော်တွေ‌ေကြောင်း၊ ခရိုအေးရှား အသင်းပရိသတ်တွေက အသင်းကို ယုံကြည်မှုနဲ့ အားပေးခဲ့ခြင်းဖြစ်ကြောင်း၊ အယ်ဘေးနီးယား၊​ အီတလီတို့နဲ့ ကစားမယ့်ပွဲမှာ ရလဒ်ကောင်းပြီး နောက်တဆင့် တက်နိုင်ဖို့ မျှော်လင့်ကြောင်း ပရိသတ်တဦးက ပြောပါတယ်။​

စလိုဗေးနီးယားနှင့်ပွဲတွင် အနိုင်ရမည်ဟု ယုံကြည်ကြောင်း ဒိန်းမတ်နည်းပြ ပြော

စလိုဗေးနီးယားနဲ့ ဒီနေ့ည ကစားမယ့် ယူရို ၂၀၁၄ အဖွင့်ပွဲစဥ်မှာ အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ဒိန်းမတ်နည်းပြ ကတ်စပါဟူးမန်းက ပြောပါတယ်။ 

ဒီပွဲမှာ ဒိန်းမတ်အသင်းအနိုင်ရမယ်လို့ ခန့်မှန်းထားကြပေမဲ့ စလိုဗေးနီးယားကို သေချာကစားသွားမှာဖြစ်ကြောင်း ဒိန်းမတ်နည်းပြက ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

ယူရို ၂၀၂၀ ဖင်လန်နဲ့ပွဲကတည်းက အနားယူခဲ့ရတဲ့ ဒိန်းမတ်အသင်းမှာ ဝါရင့်ကွင်းလယ်လူ အဲရစ်ဆင်ဟာ ယူရိုပြိုင်ပွဲမှာ ပထမဆုံးပြန်ကစားဖွယ်ရှိပါတယ်။​ 

စလိုဗေးနီးယား အသင်းမှာ အသက် ၂၁ နှစ်အရွက် လိုက်ဇ်တိုက်စစ်မှူး ဆက်ကို ခြေစွမ်းပြနေပါတယ်။ ခြေစမ်းပွဲတွေမှာလည်း စလိုဗေးနီးယားဟာ ပေါ်တူဂီကို အနိုင်ရထားပြီး နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024