DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း နယ်မြေ ၄ ခု တောင်းသည့် ပူတင်ကို ကမ္ဘာ့ခေါင်းဆောင်များ ဝေဖန်
DVB
·
June 16, 2024
ယူကရိန်း နယ်မြေ ၄ ခု တောင်းသည့် ပူတင်ကို ကမ္ဘာ့ခေါင်းဆောင်များ ဝေဖန်
Donate to DVB

စစ်ပွဲရပ်ပြီး ငြိမ်းချမ်းရေးယူဖို့ ယူကရိန်းနယ်မြေ ၄ ခုတောင်းတဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို ဆွစ်ဇာလန်မှာကျင်းပနေတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ကမ္ဘာ့ခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီက “ရုရှားသမ္မတရဲ့ အစီအစဉ်အရ ယူကရိန်းနိုင်ငံဟာ ယူကရိန်းနယ်မြေက ဆုတ်ပေးရမယ်” ဆိုတဲ့ ကိစ္စဟာ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘဲ “ဝါဒဖြန့်ချိ”မှုသာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ 

ဂျာမန်အဓိပတိ အိုလက်ဖ်ရှို့ဇ်က “အာဏာရှင်ဆန်တဲ့ ငြိမ်းချမ်းရေး” အစီအစဉ်မျိုးသာ ဖြစ်တယ်လို့ ဝေဖန်ခဲ့သလို ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်ကလည်း ရုရှားသမ္မတက ဒီလို တောင်းဆိုတာဟာ တွေ့ဆုံဆွေးနွေးလိုတယ်လို့ ဟန်ဆောင်လှည့်ဖြားတာသာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲအပြီးမှာထုတ်ပြန်ဖို့ ရည်ရွယ်ထားတဲ့ ကြေညာချက်မူကြမ်းမှာလည်း ယူကရိန်းရဲ့ နယ်မြေ တဆက်တစပ်တည်းရှိမှုကို အာမခံထားသလို ယူကရိန်းအပေါ် နျူကလီးယား လက်နက်နဲ့ မခြိမ်းခြောက်ဖို့လည်း ပြတ်ပြတ်သားသား ဖော်ပြထားပါတယ်။ 

လက်ရှိ ရုရှားက တစိတ်တဒေသ သိမ်းထားနိုင်တဲ့ ယူကရိန်းနယ်မြေ ၄ ခုထဲက ယူကရိန်းတပ်တွေ ဆုတ်ပေးပြီး၊ ရုရှားအပိုင်ဖြစ်ပြီလို့ အသိအမှတ်ပြုရင် အပစ်အခတ်ရပ်စဲရေး သဘောတူမယ်လို့ ပူတင်က ဇွန် ၁၄ ရက်နေ့က ကမ်းလှမ်းထားပါတယ်။

ယူကရိန်းဘက်ကလည်း လွတ်လပ်ရေး၊ အချုပ်အခြာအာဏာပိုင်မှုနဲ့ နယ်မြေတဆက်တစပ်တည်းရှိမှုမှာ ဘယ်လို အလျှော့ပေးမှုမှာ ရှိမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။ 

ဇွန် ၁၅ ရက်နဲ့ ၁၆ ရက်က ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွးပွဲကို နိုင်ငံနဲ့ အဖွဲ့အစည်း ၉၀ ကျော် တက်ရောက်နေပြီး ကျူးကျော်သူ ရုရှားကို ဖိတ်ကြားခြင်းမရှိသလို ရုရှားရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်ကတော့ ဖိတ်ကြားခံရပေမဲ့ မတက်ရောက်ပါဘူး။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013