DVB Logo
Home
Lead Story
နိုင်ကျဉ်းအစုလိုက် သတ်ဖြတ်မှု တရားခံ အီရန်အရာရှိ လွတ်မြောက်
DVB
·
June 16, 2024
နိုင်ကျဉ်းအစုလိုက် သတ်ဖြတ်မှု တရားခံ အီရန်အရာရှိ လွတ်မြောက်
Donate to DVB

အီရန်နဲ့ ဆွီဒင်တို့ ၂ နိုင်ငံကြား အကျဉ်းသားချင်း ဖလှယ်အပြီးမှာ အီရန်နိုင်ငံထဲမှာ ထိန်းသိမ်းခံထားရတဲ့ ဆွီဒင်နိုင်ငံသား ယိုဟန် ဖလိုဒယ်ရက်စ်နဲ့ ဆာအိအာဇီဇီတို့ဟာ ဆွီဒင်နိုင်ငံဆီ လေယာဉ်နဲ့ ပြန်ရောက်လာပြီလို့ ဆွီဒင်ဝန်ကြီးချုပ် အူးလ်ဖ် ခရစ္စတာရှုံ့ဖ်က ကြေညာချက်ထုတ်ပြန် ပြောပါတယ်။

ဖလိုဒယ်ရက်စ်ဟာ ဥရောပသမဂ္ဂ ဝန်ထမ်းတဦး ဖြစ်ပြီး ၂၀၂၂  ခုနှစ်မှာ အီရန်နိုင်ငံထဲမှာ ဖမ်းဆီးခံခဲ့ရတာပါ။

အစ္စရေးနိုင်ငံအတွက် သူလျှိုလုပ်မှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့လည်း တရားစွဲဆိုခံခဲ့ရပါတယ်။ ဒီအမှုတွေဟာ အီရန်မှာ သေဒဏ် ပေးခံရနိုင်တဲ့ ရာဇ၀တ်မှုတွေပါ။ 

ဆွီဒင်-အီရန်နိုင်ငံသား ၂ ခုခံယူထားတဲ့ ဆာအိ အာဇီဇီဟာလည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ အီရန်နိုင်ငံထဲမှာ အဖမ်းခံရပြီး မှားယွင်းတဲ့ အကြောင်းပြချက်နဲ့ အဖမ်းခံရတာလို့ ဆွီဒင် အစိုးရက ပြောခဲ့ပါတယ်။

ဆွီဒင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ အီရန်အရာရှိဟောင်း ဟာမစ်နူရီလည်း ​​လွတ်မြောက်လာပြီး အီရန်မြို့တော် တီရန်ကို ဇွန်လ ၁၅ ရက်မှာ ပြန်ရောက်လာခဲ့ပါတယ်။

နူရီဟာ ၁၉၈၈ ခုနှစ် အီရန်နိုင်ငံရေးအကျဉ်းသားများ အစုလိုက်အပြုံလိုက် ကွပ်မျက်မှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေအတွက် စစ်ရာဇဝတ်မှုတွေနဲ့  ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံခဲ့ရသူပါ။

အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ နူရီဟာ  ၂၀၁၉ ခုနှစ်မှာ စတော့ဟုမ်းလေဆိပ်မှာ ဖမ်းဆီးခံခဲ့ရပြီး စွဲချက်တွေကို သူက ငြင်းဆိုထားပါတယ်။

ဆွီဒင်- အီရန်နိုင်ငံသားနှစ်မျိုး ခံယူထားတဲ့ အရေးပေါ်ဆေးကုဆရာဝန် အာမက် ဒရေဇာ ဂျလာလီဟာ အီရန်နိုင်ငံဆီ ပညာသင်လာရောက်ချိန် ၂၀၁၆ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရပြီး အီရန်အကျဉ်းထောင်ထဲမှာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013