DVB Logo
Home
မြန်မာသတင်း
“တွေ့-ဖမ်း-ဒဏ်ပေး-ပြန်ပို့ ” စီမံချက်ကာလ တပတ်အတွင်း တရားမဝင်လုပ်သား ၂၄၀ ဦး ဖမ်းမိ 
DVB
·
June 14, 2024
“တွေ့-ဖမ်း-ဒဏ်ပေး-ပြန်ပို့ ” စီမံချက်ကာလ တပတ်အတွင်း တရားမဝင်လုပ်သား ၂၄၀ ဦး ဖမ်းမိ 
Donate to DVB

ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်သမားနှိမ်နင်းရေးစီမံချက်ကို ဆောင်ရွက်နေတာမှာ ၇ ရက် အတွင်း တရားမဝင်ရွှေ့ပြောင်းလုပ်သား ၂၄၀ ဦး ဖမ်းဆီးရမိတယ်လို့  ထိုင်းအလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။ 

“တွေ့-ဖမ်း-ဒဏ်ပေး-ပြန်ပို့ ” လို့အမည်ပေးထားတဲ့ တရားမဝင်အလုပ်သမားနှိမ်နင်းရေး စီမံ ချက်ကို ရက်ပေါင်း ၁၂၀ ဆောင်ရွက်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်မှ ၁၂ ရက်နေ့ထိ ( ၇ ရက် ) တာကာလအတွင်း လုံခြုံရေးကောင်စီ၊ လူကုန်ကူးမှုတားမြစ်ရေး၊ အလုပ်သမားရုံးနဲ့ ဒေသအာဏာပိုင်တွေပါတဲ့ ပူးပေါင်းအဖွဲ့တွေဟာ ထိုင်းတနိုင်ငံလုံးရှိ နေရာပေါင်း ၁၇၇၄ နေရာက  ရွှေ့ပြောင်း အလုပ်သမားပေါင်း ၂၆၁၈၉ ဦးကိုစစ်ဆေးခဲ့တယ်။ အဲဒီထဲမှာ မြန်မာ နိုင်ငံသား ၂၀၁၁၁ ဦး၊ ကမ္ဘောဒီးယား ၃၉၇၁ ဦး၊ လာအို ၁၆၅၉ ဦး၊ ဗီယက်နမ် ၄ ဦးနဲ့ တခြားနိုင်ငံသား ၄၄၄ ဦးပါဝင်တယ်။

အလုပ်သမားဥပဒေနဲ့မညီညွတ်တဲ့ နေရာပေါင်း ၅၃ နေရာရှိပြီး အဲဒီနေရာတွေကနေ တရားမဝင်အလုပ်သမား ၂၄၀ ကိုဖမ်းဆီးအရေးယူခဲ့တယ်၊ အဲဒီထဲမှာ မြန်မာ ၁၉၀ ၊ ကမ္ဘောဒီးယား ၈ ဦး၊ လာအို ၃၈ ဦးနဲ့ တခြားနိုင်ငံသား ၄ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမားတွေသိပ်သည်းထူထပ်တဲ့နေရာတွေကတော့ ဘန်ကောက်မှာ ဆိုရင် ဖရခနုံဈေး၊ ထဝီဝပ်ထနာဈေး၊ ပန်ဘော်ဈေး၊ အိုင်ယာဈေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေဖြစ်တယ်၊ ဒါ့အပြင် ပထုန်ဌာနီက အိုင်ရာဈေး၊ စမွတ်စခွန်းက ကထုန့်ဘဲန်လျှပ်စစ်ပစ္စည်းစက်ရုံ၊ ချချိန်းဆောင်းခရိုင်မှ ဘန်ပကုန်းစက္ကူစက်ရုံ၊ ရနောင်းမှ သစ်ခွဲစက်ရုံ၊ ပတ္တနီမှ ဆောက်လုပ်ရေးလုပ်ငန်းခွင် စတာတွေဖြစ်တယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေဟာ တရားမဝင်အလုပ်သမားတွေကို စစ်ဆေးဖမ်းဆီးခဲ့တဲ့အပြင် ရွှေ့ပြောင်းအလုပ်သမားတွေ ဥပဒေနဲ့အညီနေထိုင်ဖို့ သတိပေးပြောကြားခဲ့တယ်။ 

အလုပ်သမားဥပဒေအရ  ထိုင်းနိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်တဲ့အလုပ်သမား ၁ဦးဟာ ဒဏ်ငွေအနည်းဆုံး ဘတ် ၅၀၀၀ မှ ဘတ် ၅၀၀၀၀ ထိပေးဆောင်ရမှာဖြစ်ပြီး ပြည်နှင်ဒဏ်ခံရမယ်၊  ထိုင်းမှာအလုပ်လုပ်ခွင့် ၂ နှစ်တာ ပိတ်ပင်ခံရမယ်လို့ ဆိုပါတယ်။ 

တရားမဝင်အလုပ်သမားငှါးရမ်းခန့်ထားတဲ့ အလုပ်ရှင်ဟာလည်း အလုပ်သမား ၁ ဦးအတွက် ဒဏ်ငွေ အနည်းဆုံးဘတ် ၁၀၀၀၀ မှ ၁၀၀၀၀၀ ထိပေးဆောင်ရမယ်၊  နောက်ထပ်ဥပဒေချိုးဖောက်ပါက    အလုပ်သမား ၁ ဦးစာအတွက် ဘတ် ၅၀၀၀၀ မှ ၂၀၀၀၀၀၀ ထိပေးဆောင်ရမယ့်အပြင် ၃ နှစ်တာ အလုပ်သမားငှါးရမ်းခွင့်ပိတ်ပင်ခံရမယ်လို့ ဆိုပါတယ်။ 

ဒီစီမံချက်က ဖမ်းမိတဲ့အရေအတွက်ဟာ လုပ်ငန်းခွင်တွေထဲမှာသာဖြစ်ပြီး နယ်စပ်ကနေ တရား မဝင် ဝင်လာစဉ် ဖမ်းမိတာတွေ မပါသေးပါဘူး။

Source: Matichon

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013