
မြန်မာနိုင်ငံက လွှတ်တော်တွေအတွင်း အစိုးရတာဝန်ရှိသူတွေနဲ့ ကိုယ်စားလှယ်တွေကြားက ဆွေးနွေးချက်တွေကို ပြည်သူတွေ နားလည်သဘောပေါက်နိုင်မှု အားနည်းနေသေးတယ်လို့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (OMI) က ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့မှာ စက်တင်ဘာ ၂၁ ရက်နေ့က ကျင်းပသွားတဲ့ OMI ရဲ့ ဆွေးနွေးပွဲ တတိယမြောက် အစီရင်ခံစာ မှာ ထောက်ပြထားတာပါ။
လွှတ်တော် ကိုယ်စားလှယ်တွေ ရဲ့ မေးမြန်းဆွေးနွေးနေမှု အရည်အသွေး ပိုင်းမှာလည်း တိုးတက်မှုတွေ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
လွှတ်တော်တွင်း ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြရာမှာလည်း ဆင်ဆာ ဖြတ်တောက်တာတွေ ရှိနေတယ်လို့ ကိုယ်စားလှယ်တွေက ပြောပါတယ်။
ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ဟာ လွှတ်တော်နဲ့ ပက်သက်တဲ့ အစီရင်ခံစာကို ပြီးခဲ့တဲ့ ဧပြီလမှာတကြိမ်၊ ဇွန်လမှာ တကြိမ် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။











