Home
နိုင်ငံတကာ
ယူကရိန်းမြို့ကို ရုရှား ဒုံးကျည်ပစ်ခတ်၊ အနည်းဆုံး ၈ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိ
DVB
·
June 13, 2024
Photo - Ukraine/Handout via REUTERS

ယူကရိန်းနိုင်ငံတောင်ပိုင်း၊ ကရီဗီယိရိမြို့ကို ဇွန် ၁၂ ရက်က ရုရှားပဲ့ထိန်းဒုံးကျည် ပစ်ခတ်မှုကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကလေး ၂ ဦး အပါအဝင် နောက်ထပ် ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ နောက်ထပ် လူ ၄ ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါဟာ ရက်သတ္တပတ်တွေအတွင်း လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ပြီး အုပ်ချုပ်ရေးအဆောက်အအုံတလုံးနဲ့ တိုက်ခန်းတခန်း ပျက်စီးသွားကြောင်း ယူကရိန်းစစ်တပ်က တယ်လီဂရမ်ချန်နယ်မှာ ပြောထားပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ သူ့ဇာတိမြို့ဖြစ်တဲ့ ကရီဗီယိရိမြို့ကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး “နေ့စဉ်နေ့တိုင်းနဲ့ နာရီတိုင်းမှာ ယူကရိန်းနဲ့ သူ့မိတ်ဖက်တွေဟာ လေကြောင်းရန်ကာကွယ်ရေးကို အားကောင်းသင့်တယ် ဆိုတာကို ရုရှားက သက်သေပြနေတာ” လို့ မှတ်ချက်ပေးပါတယ်။

သမ္မတ ဇလန်းစကီး မျှဝေထားတဲ့ ဗီဒီယိုထဲမှာ မီးသတ်သမားတွေဟာ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ခဲ့ကြပြီး အပျက်အစီးတွေထဲမှာ ကယ်ဆယ်ရေးသမားတွေ ကယ်ဆယ်ရေး လုပ်ဆောင်နေကြတာတွေကိုလည်း မြင်တွေ့ရပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024