DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှားတွင် တပတ် ၄ ရက်သာ အလုပ်ဆင်းရသည့်ပုံစံ စမ်းသပ်
DVB
·
June 13, 2024
အင်ဒိုနီးရှားတွင် တပတ် ၄ ရက်သာ အလုပ်ဆင်းရသည့်ပုံစံ စမ်းသပ်
Donate to DVB

အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဝန်ကြီးဌာနက အလုပ်သမားတွေ တပတ်မှာ ၄ ရက်သာ အလုပ်လုပ်ရတဲ့ပုံစံကို စတင်စမ်းသပ်လုပ်ဆောင်ဖို့ ရှိနေပါတယ်။

အလုပ်ချိန်ကို စုစည်းတဲ့ ဒီအစီအစဥ်ဟာ ဒီအပတ်မှာ စတင်မှာဖြစ်ပြီး လာမယ့် ၂ လအထိ စမ်းသပ်ကာလအဖြစ် သတ်မှတ်ထားပါတယ်။

အစမ်းကာလမှာ ဝန်ကြီးဌာနရဲ့ အလုပ်သမားတွေဟာ တပတ်မှာ ၄ ရက်သာ အလုပ်ဆင်းရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အလုပ်ချိန် ၄ ရက်မှာ အလုပ်ချိန် နာရီ ၄၀ အနည်းဆုံး ရှိရပါမယ်။

ဝန်ကြီးဌာန အတွင်းရေးမှူးရာဘင်က “အစမ်းကာလရဲ့ ရည်ရွယ်ချက်က ၄ ရက်အတွင်းမှာ အလုပ်သမားတွေရဲ့ ကုန်ထုတ်လုပ်မှု တိုးမြှင့်နိုင်မလားဆိုတာ ရှာဖွေဖို့ပါပဲ။ ၄ ရက် အလုပ်လုပ်တဲ့စနစ်မှာ အလုပ်သမားတွေကို စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး မန်နေဂျာတွေ အတွက်လည်း ထိရောက်မှုရှိမလားဆိုတာ ကြည့်ရမှာပါ။​ အလုပ်သမားတွေ အရမ်းပင်ပန်းကြလို့ သူတို့ရဲ့ အလုပ်လုပ်တဲ့အချိန်ကို ချိန်ညှိပေးဖို့ အခွင့်အရေးတွေ မန်နေဂျာက ဖန်တီးပေးရမှာပါ” လို့ ပြောပါတယ်။

ဝန်ကြီးဌာန အလုပ်သမားတွေဟာ ဖိအားအများအပြားနဲ့ ရင်ဆိုင်ရပြီး အလုပ်ချိန်ကို ချိန်ညှိပေးဖို့ လိုတယ်လို့ ဇန်နဝါရီလက ထုတ်ပြန်တဲ့ စစ်တမ်းတွေမှာ ဖော်ပြပါတယ်။​

နိုင်ငံရဲ့ လူငယ်မျိုးဆက် ၇၀ ရာခိုင်နှုန်းဟာ ကုန်ထုတ်လုပ်မှုတွေကြောင့် စိတ်ကျန်းမာရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြး ဒီလို ၃ ရက် အနားပေးတာက သူတို့ကို ပျင်းရိစေမှာ မဟုတ်ဘူးလို့လည်း ယုံကြည်ထားကြပါတယ်။

အလုပ်လုပ်ရက် လျှော့ချပေးတာက ဖိအားတွေ လျှော့ကျစေခြင်း၊ စိတ်ကျန်းမာရေး တိုးတက်စေခြင်း​၊ အလုပ်နဲ့ပတ်သက်တဲ့ ကျေနပ်မှုတွေကို ဖြစ်ပေါ်စေကြောင်း အင်ဒိုနီးရှားတက္ကသိုလ်မှ ဒေါက်တာ ဆာကာပါနာမာက ဆိုပါတယ်။

နိုင်ငံပိုင်အလုပ်သမားဝန်ကြီးဌာနဟာ အင်ဒိုနီးရှားမှာရှိတဲ့ ဝန်ကြီးဌာန ၃၄ ခုအနက် အသေးဆုံးဝန်ကြီးဌာနဖြစ်ပြီး လူ ၄၀၀ နဲ့ ဒီစမ်းသပ်မှုကို စတင်မှာပါ။

တခြားဝန်ကြီးဌာနတွေရော ဒီလို အလုပ်ဆင်းတဲ့ရက်ကို ချုံ့ပစ်ဖို့ အစီအစဥ်ရှိလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကိုဗစ်-၁၉ ဖြစ်ပွားပြီးတဲ့နောက် နိုင်ငံအများစုနဲ့ ကုမ္ပဏီအများစုဟာ ၄ ရက် အလုပ်ဆင်းရတဲ့ ပုံစံကို အသုံးပြုလေ့ရှိပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013