DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယ အွန်လိုင်းလောင်းကစားဂိုဏ်း ထိုင်းနိုင်ငံတွင် ဖမ်းမိ 
DVB
·
June 13, 2024
အိန္ဒိယ အွန်လိုင်းလောင်းကစားဂိုဏ်း ထိုင်းနိုင်ငံတွင် ဖမ်းမိ 
Donate to DVB

ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်ထဲမှာ နေ့စဉ်လည်ပတ်ငွေ အိန္ဒိယရူပီး သန်းပေါင်း ၂၀၀ (ဘတ်သန်းပေါင်း ၁၀၀) ခန့်နဲ့ အွန်လိုင်းလောင်းကစားမျိုးစုံလုပ်ကိုင်နေတဲ့ အိန္ဒိယနိုင်ငံသား ၂၁ ဦးကို  ဖမ်းဆီးရမိတယ်လို့  3 Plus News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပတ္တယား၊ နောင်ပရီနယ်မြေရဲတပ်ဖွဲ့နဲ့ နိုင်ငံတကာရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၅၀ ကျော်ဟာ ပြီးခဲ့တဲ့ ဇွန် ၁၁ ရက် နေ့ခင်းပိုင်းက  ချွန်းပူးရီးခရိုင်၊ ဘန်လမွန်းမြို့ နောင်ပရီရပ်ကွက် ဆုခုမ်ဝစ်လမ်းထဲရှိ နေအိမ်တအိမ်ကို သတင်းအရ သွားရောက်စီးနင်းရှာ ဖွေစစ်ဆေးခဲ့တယ်လို့ ချွန်းပူးရီးခရိုင်ရဲမှူးကြီး ချတ်ချိုင်းစူလချိတ်ဖုန်းက  သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါနေအိမ်မှာ အဆင့်မြင့် ၂ ထပ်တိုက်ကြီးဖြစ်ပြီး အောက်ထပ်မှာ ကွန်ပြူတာတွေ၊ ဖုန်းတွေနဲ့ အလုပ်ရှုပ်နေတဲ့ အိန္ဒိယနိုင်ငံသား ၁၀ ဦးခန့်တွေ့ရှိပြီး အပေါ်ထပ်မှာတော့ ၁၀ ဦးကျော် အိပ်နေ တယ်လို့ ဆိုပါတယ်။

အဆိုပါနေအိမ်မှ အွန်လိုင်းလောင်းကစားနဲ့ပတ်သက်တဲ့ သက်သေအထောက်အထား၊ ငွေစာရင်းတွက်ချက်မှု စာရွက်စာတမ်းတွေ တွေ့ရသလို အိမ်ထဲက အိန္ဒိယနိုင်ငံသားတွေ ဟာလည်း တချို့က ကျောင်းသားဗီဇာ၊ တချို့က အလည်အပတ်ဗီဇာကိုင်ဆောင်ပြီး တချို့က ဘာအထောက်အထားမှ မရှိဘူးလို့ ချွန်းပူးရီးခရိုင်ရဲမှူးကြီးက ပြောပါတယ်။ 

သူတို့ဟာ ထိုင်းပိုင်နက်ထဲကနေ နိုင်ငံတကာက အွန်လိုင်းလောင်းကစားမျိုးစုံ ဘောလုံး လောင်းပွဲပါမကျန် ဖွင့်လှစ်ပေးနေတဲ့ အွန်လိုင်းလောင်းကစားဒိုင်ဖြစ်တယ်၊ နေ့စဉ်လည်ပတ်ငွေ အိန္ဒိယရူပီး သန်းပေါင်း ၂၀၀ (ထိုင်းဘတ် သန်းပေါင်း ၁၀၀) ခန့်ရှိတယ်၊ အဲဒီနေအိမ်ကြီးကို ပြီးခဲ့တဲ့ ၂၀၂၃ ဩဂုတ်လကစ တလဘတ် ၃၀၀၀ နဲ့ ငှါးရမ်းနေထိုင်ပြီး အလုပ်လုပ်နေတာလို့ ဆိုပါတယ်။

အဆိုပါနေအိမ်ကနေ လောင်းကစားရာမှာ အသုံးပြုတဲ့ ကွန်ပြူတာ ၄ လုံး၊ လက်ပ်တော့ ၈ လုံး၊ တယ်လီဖုန်း အလုံး ၅၀ ၊ ထိုင်းဆင်းမ်ကတ်နဲ့ အိန္ဒိယ၊ ဒူဘိုင်း၊ ထိုင်းနိုင်ငံ အချိန်ပြ နံရံကပ်နာရီတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

သူတို့ဟာ ထိုင်းတင်မကဘဲ တခြားနိုင်ငံက လောင်းကစားဝိုင်းတွေနဲ့ ချိတ်ဆက်ထားတာကြောင့် အင်တာပိုရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ကွင်းဆက်တွေ ဆက်လက်ဖော်ထုတ်အရေးယူသွားမယ်လို့  ချွန်းပူးရီးခရိုင်ရဲမှူးကြီးက ပြောသွားပါတယ်။ 

Source:  3 Plus News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013