DVB Logo
Home
မြန်မာသတင်း
NLD အစိုးရလက်ထက် တရုတ် ကတိပြုခဲ့သည့် ကင်းလှည့်ရေယာဥ် ၆ စီး စစ်ကောင်စီကို လှူဒါန်း
DVB
·
June 12, 2024
NLD အစိုးရလက်ထက် တရုတ် ကတိပြုခဲ့သည့် ကင်းလှည့်ရေယာဥ် ၆ စီး စစ်ကောင်စီကို လှူဒါန်း
1 / 2
Donate to DVB

တရုတ်နိုင်ငံက NLD အစိုးရအား ကတိပြုခဲ့တဲ့ ကင်းလှည့်ရေယာဥ် ၆ စီးကို ဇွန် ၁၁ ရက် မနက်က ရန်ကုန်မြို့ရှိ ဝါးတန်းဆိပ်ကမ်းမှာ လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

ရန်ကုန်၊ လမ်းမတော်မြို့ ဝါးတန်းဆိပ်ကမ်းမှာရှိတဲ့ အမှတ် ၃ ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့၊ ခွဲမှူးရုံးမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ပြည်ထဲရေးဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို လွှဲပြောင်းပေးခဲ့တာပါ။

တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတဦးက “အခုရက်ပိုင်း တရုတ်သံအမတ်ကြီးနဲ့ တိုင်းမှူးတွေ၊ ဝန်ကြီးချုပ်တွေ၊ ဒုဗိုလ်ချုပ်ကြီးတွေ တွေ့တာ များတယ်။ ဇွန်လ ၆ ရက်က လှိုင်သာယာမှာ ဝန်ကြီးချုပ်နဲ့ ကျောင်းသုံးပစ္စည်းတွေ လှူတာ ရှိတယ်။ သံအမတ်ကြီးကို ဒုဗိုလ်ချုပ်ကြီး လာတွေ့တာလည်းရှိတယ်” လို့ ပြောပါတယ်။

တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနဲ့ အိမ်နီချင်းကောင်း ချစ်ကြည်ရေးတို့အပေါ် အခြေပြုပြီး ရေကြောင်းရဲတပ်ဖွဲ့  အားကောင်းစေရေးအတွက် လှူဒါန်းတာလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai က ပေးအပ်ပွဲမှာ ပြောပါတယ်။

ကင်းလှည့်ရေယာဥ် ၆ စီးမှာ ၂၈ မီတာကင်းလှည့်ရေယာဥ် ၂ စီးနဲ့ ၄၈ မီတာကင်းလှည့်ရေယာဥ် ၄ စီးဖြစ်ပြီး နိုင်ငံအတွင်း  ရေကြောင်းပို့ဆောင်မှုဘေးကင်းရေး၊ ရေပေါ်ရှာဖွေကယ်ဆယ်ရေးနဲ့ ရေအရင်းအမြစ် ကာကွယ်အသုံးချမှု လုပ်ငန်းတွေ ဆောင်ရွက်ဖို့ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါရေယာဥ် ၆ စီးကို ၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်က ရေကြောင်းခရီးသွားလာရေးမှာ ကူညီကယ်ဆယ်ရေးနဲ့ စောင့်ရှောက်ရေးအတွက် တရုတ်နိုင်ငံကို အကူအညီတောင်းခဲ့ရာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံခရီးစဥ်အတွင်း ကူညီထောက်ပံ့ပေးမယ်လို့ လက်မှတ်ရေးထိုးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013