DVB Logo
Home
မြန်မာသတင်း
ထိုင်းကုန်တိုက်တွင် တရားမဝင် လုံခြုံရေးဝန်ထမ်း မြန်မာလုပ်သား ၅ ဦး ဖမ်းဆီးခံရ 
DVB
·
June 11, 2024
ထိုင်းကုန်တိုက်တွင် တရားမဝင် လုံခြုံရေးဝန်ထမ်း မြန်မာလုပ်သား ၅ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရကန်ခရိုင်၊ ဘန်ဖရီမြို့ ကုန်တိုက်တခုမှာ အထောက်အထားမရှိ ဘဲ လုံခြုံရေးအစောင့် ဝန်ထမ်းဝင်လုပ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၅ ဦး ဖမ်းဆီးခံရတယ်လို့  Matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ခရိုင်လဝကရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ နယ်မြေတွင်း တရားမဝင်အလုပ်သမားနှိမ်နင်းရေးနဲ့ ရာဇဝတ်မှုပပျောက်ရေးအတွက် ဇွန် ၁၀ ရက်က ဘန်ဖရီမြို့ ရာချာထေဝ ရပ်ကွက် ဘန်နား- တရတ်လမ်းမကြီးပေါ်ရှိ ကုန်တိုက်ကြီးတစ်ခုကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ 

တာဝန်ရှိသူတွေ ကုန်တိုက်ကားပါကင်ထဲ ဝင်ရောက်စဉ် ကားအဝင်အထွက်တွေကို လမ်းရှင်း နေရာချပေးနေတဲ့ လုံခြုံရေးအစောင့်တွေ တွေ့ရကြောင်း၊ ဒါပေမဲ့ တာဝန်ရှိသူတွေကို တွေ့တော့ အစောင့်တချို့က ထွက်ပြေးသွားလို့ မသင်္ကာတာနဲ့ ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။

စစ်ဆေးချက်အရ လုံခြုံရေးအစောင့် ၅ ဦးမှာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး အလုပ်သမားမှတ်ပုံတင်လည်း မရှိတာကြောင့်  ဖမ်းဆီးလိုက်ကြောင်း၊ သူတို့တွေဟာ အဆိုပါ အလုပ်ကို  လူမှုကွန်ရက်လုံခြုံရေးအစောင့် လုပ်သားရှာဖွေရေးကုမ္ပဏီတစ်ခုကနေ လျှောက်ထားခဲ့တာဖြစ်ပြီး လုပ်အားခ တနေ့ကို ဘတ် ၅၅၀  ရတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ ၅ ဦးကို နိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှု၊ အလုပ်သမားမှတ်ပုံတင် မရှိဘဲ အလုပ်ဝင်လုပ်မှု၊ ရွှေ့ပြောင်းလုပ်သားတွေ လုပ်ခွင့်မရှိတဲ့ အလုပ်ကို ဝင်ရောက်လုပ်ကိုင်မှု စတာတွေနဲ့ အရေးယူသွားမှာဖြစ်သလို သူတို့ကို အလုပ်သွင်းပေးတဲ့ အလုပ်ရှာဖွေရေးကုမ္ပဏီကိုလည်း စုံစမ်းစစ်ဆေးပြီး တရားမဝင် အလုပ်သမား တင်သွင်းမှုနဲ့ အရေးယူသွားမယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။

Source: Matichon

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013