DVB Logo
Home
နိုင်ငံတကာ
မြောက်ကိုရီးယားကို တောင်ကိုရီးယားက ဧရာမအသံချဲ့စက်ကြီးဖြင့် ပြန်တုံ့ပြန်
DVB
·
June 10, 2024
မြောက်ကိုရီးယားကို တောင်ကိုရီးယားက ဧရာမအသံချဲ့စက်ကြီးဖြင့် ပြန်တုံ့ပြန်
Donate to DVB

မြောက်ကိုရီးယားနိုင်ငံက အမှိုက်နဲ့ အညစ်အကြေးတွေပါတဲ့ မိုးပျံပူဖောင်းတွေ လွှတ်တင်နေတဲ့ အချိန်မှာ တောင်ကိုရီးယားဘက်ကလည်း ကင်မ်ဂျုံအန်းအစိုးရ နားမခံသာစရာ လော်စပီကာ အသံချဲ့စက်နဲ့ ထုတ်လွှင့်တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ အမျိုးသားလုံခြုံရေးကောင်စီက ဇွန် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

မြောက်ကိုရီယားဘက်ကို ချိန်ထားတဲ့ ဧရာမ လော်စပီကာကြီးတွေကနေ ကင်မ်အစိုးရအတွက် မခံစားနိုင်လောက်တဲ့၊ မြောက်ကိုရီးယား စစ်သည်တွေနဲ့ ပြည်သူတွေ အတွက်တော့ မျှော်လင့်ချက်သတင်းစကားတွေ ပေးပို့သွားမယ်လို့ ကြေညာပါတယ်။

ကင်မ်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်းက ဝါဒဖြန့်လော်စပီကာ ထုတ်လွှင့်မှုက နိုင်ငံရေးအရ သွေးထိုးလှုံ့ဆော်မှုဖြစ်လို့ စက်ဆုပ်ဖွယ်ကောင်းကြောင်း၊ ဒါက အရမ်းအန္တရာယ်များတဲ့ အခြေအနေတွေရဲ့ အစဖြစ်ကြောင်း မြောက်ကိုရီးယား သတင်းအေဂျင်စီ KCNA မှာ ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားက တက်ကြွလှုပ်ရှားသူတွေက မြောက်ဘက်ကို လက်ကမ်းစာစောင်တွေ မိုးပျံပူဖောင်းမှာ ချိတ်ဆွဲပြီး ပို့လွှတ်လေ့ရှိတာ ကြာပြီဖြစ်ပါတယ်။

အဲဒီအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားဘက်က မစင်ထုပ်တွေ အပါအဝင် အညစ်အကြေး၊ အမှိုက်သရိုက်တွေ မိုးပျံပူဖောင်းမှာချိတ်ပြီး ပြန်လွှတ်တာဖြစ်ပါတယ်။

အမှိုက် ၁၅ တန် ပူဖောင်းနဲ့ ပို့အပြီးမှာတော့ ခဏရပ်လိုက်မယ်လို့ မြောက်က ကြေညာပါတယ်။ ဒါပေမဲ့ လက်ကမ်းစာစောင်တွေ ထပ်ပို့ရင်တော့ ထပ်လွှတ်မယ်လို့ သတိပေးခဲ့ပါတယ်။

ဒါပေမဲ့ တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူတွေက သတိပေးချက်ကို ဖီဆန်ပြီး ကင်မ်အစိုးရကို ဝေဖန်တဲ့ လက်ကမ်းစာစောင်တွေသာမက ကေပေါ့ပ်ဗီဒီယို၊ ကေဒရာမာတွေပါတဲ့ USB Stick တွေ၊ အမေရိကန်ဒေါ်လာတွေ ချိတ်ဆွဲထားတဲ့ ပူဖောင်းတွေ ထပ်လွှတ်ခဲ့ပါတယ်။ အဲဒါကြောင့် မြောက်ကိုရီးယားကလည်း အမှိုက်တွေ ထပ်လွှတ်ပြန်တာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013