DVB Logo
Home
မြန်မာသတင်း
နတ်တလင်းမြို့နယ်တွင် ပျူစောထီးရွာ တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး
DVB
·
June 9, 2024
နတ်တလင်းမြို့နယ်တွင် ပျူစောထီးရွာ တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး
Donate to DVB

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က ပျဉ်ပုံ ပျူစောထီးကျေးရွာကို ဇွန် ၇ ရက်နေ့ မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိသလို နေအိမ် ၃လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ပျဉ်ပုံကျေးရွာဟာ အိမ်ခြေ ၁၀၀ ဝန်းကျင်လောက်နဲ့ လူဦးရေ ၂၀၀ ကျော်ဝန်းကျင်ရှိပြီး စစ်ကောင်စီဆီမှာ ပြည်သူ့စစ်သင်တန်းတက်ရောက်ထားသူ ၁၀၀‌ လောက်ရှိတဲ့ ပျူစောထီးရွာ ဖြစ်တာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က သတိပေးတဲ့အနေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

သာယာဝတီခရိုင် တော်လှန်ရေးအင်အားစုတခုရဲ့ တာဝန်ရှိသူက “တရွာလုံးက ပျူစောထီးတွေပါ။ စကစကို မထောက်ခံတာက ၃ အိမ်ပဲရှိပါတယ်။ အဲဒီအိမ်တွေကလည်း သူတို့ခြိမ်းခြောက်လို့ ပြောင်းသွားတာကြာပြီဗျ။ ကျနော်တို့က လက်နက်ကြီးနဲ့ ရွာကိုလှမ်းပစ်တော့ ၂ ယောက် ၃ ယောက်ကပဲ ပြန်ပစ်တယ်။ ကျန်တာတွေကတော့ အကုန်ပြေးတာပဲ။ ဒဏ်ရာရတဲ့သူတွေကိုလည်း သယ်သွားတယ်” လို့ပြောပါတယ်။

အခုလက်ရှိမှာ ပျူ‌စောထီးနဲ့ စစ်ကောင်စီအင်အား ၁၀၀ ဝန်းကျင်လောက်က ပျဉ်ပုံရွာတဝိုက်မှာ ကင်းပုန်းတွေချထားကာ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပြီး ရွာအဝင်အထွက်ကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။

နောက်ထပ် ပြည်သူ့ကာကွယ်ရေး တာဝန်ရှိသူတယောက်က “စကစနဲ့ ရဲက ဝင်ပစ်တဲ့အချိန်မှာ ရွာထဲက ဂိတ်စခန်းမှာရှိတယ်။ အင်အားတော့ မများဘူး။ ၉ ယောက် ၁၀ ယောက်လောက်ပဲ ရှိတာ။ တိုက်ခိုက်ပြီး ပြန်ဆုတ်ခွာလာတဲ့အချိန်မှာသာ ကွင်းကျယ်အထိုင်စခန်းနဲ့ မကျီးပင်ဆည်ဘောင် ရှင်းလင်းဆောင်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တာ။ အခုလည်း စကစဘက်က အင်အားထပ်ဖြည့်ထားတယ်" လို့ပြောပါတယ်။

ပျဉ်ပုံ ပျူစောထီးကျေးရွာက စစ်ကောင်စီကို အင်အားဖြည့်ပေးတာတွေ၊ လက်နက်ကိုင်ဆောင်တာတွေ အပြင် အနီးပတ်ဝန်းကျင်ရွာတွေကိုပါ ပြည်သူ့စစ်သင်တန်း တက်ရောက်ဖို့ စည်းရုံးတာတွေ၊ ဆိုင်ကယ်ဖမ်းဆီးငွေညှစ်တာတွေ၊ ‌ရွာသားတွေကို ဖမ်းဆီးရိုက်နှက်တာတွေ ပြုလုပ်နေတာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ -၂ (Phoenix DF)၊ တပ်ခွဲ -၃ (နတ်စစ်သည်)၊ တပ်ခွဲ-၄ (BRA)နဲ့ ဧရာညီနောင်စစ်ကြောင်း တို့က ပူပေါင်းတိုက်ခိုက်ခဲ့ပြီး ကိုင်ဆောင်တဲ့လက်နက် ချို့ယွင်းတာကြောင့် ဧရာညီနောင် စစ်ကြောင်းက ရဲဘော်တဘောက် အနည်းငယ်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013