DVB Logo
Home
မြန်မာသတင်း
တရုတ်နယ်စပ်ဂိတ်များ တရားဝင် ဖွင့်ရန် အဆင်မပြေသေး
DVB
·
June 8, 2024
တရုတ်နယ်စပ်ဂိတ်များ တရားဝင် ဖွင့်ရန် အဆင်မပြေသေး
Donate to DVB

နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်တွေကို တရုတ်ဘက်က တရားဝင် ဖွင့်ချင်ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ညှိနှိုင်းတာ အဆင်မပြေလို့ ဖွင့်လို့မရကြောင်း နယ်စပ်ကုန်သည် လုပ်ငန်း ရှင်တွေဆီက သိရပါတယ်။

နယ်စပ်ကုန်သည်တယောက်က “မြန်မာဘက်ကတော့ ဖွင့်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီ တရုတ်ဘက်က ဖွင့်ချင်နေတာ။ တရုတ်ဘက်က နယ်စပ်ဂိတ် အရမ်း ဖွင့်ချင်နေပြီ။ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က ညှိရမယ့် ဟာမျိုး မဟုတ်ဘူးလေ။ ဘယ် အစိုးရ တက်တက်၊ အစိုးရဖြစ်တဲ့ သူကမှ တရားဝင် ကုန်သွယ်လို့ ရမှာလေ” လို့ ပြောပါတယ်။

မြန်မာဘက်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဖယ်ပေးမှ ဖွင့်လို့ ရမယ်လို့ သိရကြောင်း သူက ပြောပါတယ်။

လက်ရှိမှာတော့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ ဖြစ်တဲ့ မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ အာရက္ခတပ်တော် (AA) နဲ့  တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပူးပေါင်းထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ကုန်သည်တယောက်ကလည်း “တရုတ်ဘက်က ဖွင့်ကို ဖွင့်ထားတာ။ ဘာမှ မဖြစ်ဘူး။ အခုက ၁၂ ဘီးတွေပဲ သွားလို့ရတယ်ဗျာ။ ကျင်စန်းကျော့ကနေ ပြီးတော့ တရုတ်တွဲကားတွေနဲ့ တရုတ် ၁၂ ဘီး ကားတွေနဲ့ ပစ္စည်းထုတ်တယ်” လို့ ပြောပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ကို အခွန်ဆောင်ရပြီး နမ့်ဖတ်ကာမှာ KIA၊ သိန္နီ မဝင်ခင်မှာတော့ SSPP/SSA နဲ့ လားရှိုးဘက်ကို ဆင်းမယ် ဆိုရင်တော့ စစ်ကောင်စီတွေကို ငွေပေးရတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ တရားဝင် နယ်စပ်ဂိတ် ဖွင့်တာမျိုး မဟုတ်ပေမယ့် ကျင်းစန်းကျော့ နယ်စပ်ဂိတ်ကိုတော့ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ သိမ်းပိုက်ပြီးနောက် ၁၀ ရက်ခန့်အကြာမှာ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ဒေသထွက်ကုန်တွေအနည်းအကျဉ်း တင်ပို့နေသလို တရုတ်ဘက်က‌တော့ ကုန်မျိုးစုံ အနည်းငယ်စီ တင်သွင်းတာ ရှိတယ်လို့ ကုန်ဂိတ် ကိုယ်စားလှယ် တယောက်က ပြောပါတယ်။

ချင်းရွှေဟော် နယ်စပ်ဂိတ်ကိုလည်း ပြီးခဲ့တဲ့ မတ် ၁၁ ရက်နေ့က မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်ခြင်း ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးစခန်းရှိ ကျင်စန်းကျော့ - ဝမ်တိန် နယ်စပ်ဂိတ်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းရှိ ချင်းရွှေဟော် - မိန်းတိန် နယ်စပ်ဂိတ်တွေကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့က သိမ်းပိုက် ထိန်းချုပ်ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013