DVB Logo
Home
မြန်မာသတင်း
ထိုင်းက မြန်မာအလုပ်သမား သိန်းနဲ့ချီ လက်မှတ်လုပ်ထားပြီးဖြစ်
DVB
·
September 20, 2014
ထိုင်းက မြန်မာအလုပ်သမား သိန်းနဲ့ချီ လက်မှတ်လုပ်ထားပြီးဖြစ်
Donate to DVB

ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်သမားလက်မှတ် လုပ်ပြီးသူပေါင်း သိန်းနဲ့ချီရှိနေသလို လက်မှတ် မလုပ်ရသေးသူတွေလည်း သိန်းနဲ့ချီ ရှိနေပါသေးတယ်။

ထိုင်းစစ်အာဏာသိမ်းအစိုးရ တက်လာပြီးတဲ့နောက် ဇူလိုင်လကုန်ပိုင်းကစပြီး နိုင်ငံထဲရှိတဲ့ အထောက်အထားမရှိတဲ့ မြန်မာအပါအ၀င် ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်သမား လက်မှတ်လုပ်ပေးနေရာမှာ ခုချိန်ထိ မြန်မာ ၃ သိန်းလောက် လက်မှတ်လုပ်ပြီးသွားပြီလို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

[caption id="attachment_33271" align="alignright" width="300"]မဲဆောက်ရှိ အထည်ချုပ်စက်ရုံတခုကမြန်မာရွှေ့ပြောင်း အလုပ်သမားတဦး (ဓာတ်ပုံ- ရိုက်တာ) မဲဆောက်ရှိ အထည်ချုပ်စက်ရုံတခုကမြန်မာရွှေ့ပြောင်း အလုပ်သမားတဦး (ဓာတ်ပုံ- ရိုက်တာ)[/caption]“လူဦးရေ ၃ သိန်းလောက်အထိ လုပ်ဆောင်ပြီးသွားပြီလို့ ကြားရပါတယ်။ ကျနော်တို့မှာ ကွန်ရက် ကလေးတွေ ရှိတယ်ဗျ။ အလုပ်သမားနဲ့ ပတ်သက်တဲ့အရေးတွေကို ၀ိုင်းဝန်းဆောင်ရွက်မယ့် သူတွေကို ကွန်ရက်ကလေးတွေ လုပ်ထားတယ်။ သူတို့ဆီက ပြည်နယ်အလိုက် ရလာတဲ့ အချက်အလက်တွေအရ သိန်း ဂဏန်းပဲ ရှိပါတယ် ခင်ဗျ။”

မြန်မာအလုပ်သမားတွေ အလုပ်လုပ်ကြတာများတဲ့ မဟာချိုင်ဒေသမှာ ၇ သောင်းကျော် လက်မှတ်လုပ်ခဲ့ကြပြီး ဒီပမာဏက အများဆုံးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဦးအောင်ကျော်ပြောသွားတဲ့ ၃ သိန်းဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်က စာရင်း မပါပါဘူး။

မဲဆောက် Map Foundation က ကိုအေးက မဲဆောက်မှာ အခုအချိန်ထိ လက်မှတ်မလုပ်ရသေးတဲ့ အလုပ်သမား သိန်းနဲ့ချီရှိသေးတယ်လို့ ပြောပါတယ်။

“မဲဆောက်နယ်မြေထဲမှာ အလုပ်သမားအားလုံးပေါင်း ၁ သိန်းခွဲလောက်ရှိတယ်။ ၁ သိန်းခွဲထဲမှာ ၃ သောင်းကျော်ကျော်လောက်က အရင်က ယာယီပတ်စ်စပို့စ်နဲ့ နေတဲ့ အလုပ်သမားတွေ ဖြစ်တယ်။ ကျန်တဲ့ ၁ သိန်း ၁ သောင်းကျော်လောက်က လက်မှတ်မရှိတဲ့ အလုပ်သမားတွေ ဖြစ်တာပေါ့နော်။ အခုအချိန်မှာတော့ ရပ်ကွက်တွေမှာ လက်မှတ်လိုက်လုပ်ပေးနေတယ်။ ဒီ ၁ သိန်း ၁ သောင်းကျော်ထဲက တ၀က်ကျော်ကျော်လောက် လုပ်မယ်ထင်တယ်။ စိုက်ပျိုးရေး၊ တိရစ္ဆာန် မွေးမြူရေး၊ လယ်လုပ်သားတွေက အရင်ကလည်း မလုပ်ဘူး။ အခုလည်း ဘာလုပ်မလဲ ပုလိပ်လည်း ဖမ်းတာ မဟုတ်ဘူးဆိုပြီး အရင်ကလည်း မလုပ်ဘူး၊ အခုလည်း မလုပ်ဘူး။ လက်မှတ် မရှိတဲ့သူက ၁ သိန်း ၁ သောင်းကျော်ရှိတယ်။”

ထိုင်းအစိုးရက မဲဆောက်မှာ ရပ်ကွက်အလိုက် လက်မှတ်လိုက်လုပ်ပေးနေတာဖြစ်ပြီး အောက်တိုဘာလဆန်းကျမှ စက်ရုံအလုပ်ရုံတွေဆီသွားပြီး လက်မှတ်လုပ်ပေးဖို့ စီစဉ် လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ထိုင်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့တွေရဲ့ စာရင်းဇယားတွေအရ ထိုင်းနိုင်ငံမှာ အထောက်အထားမရှိတဲ့ မြန်မာအလုပ်သမား ၁ သန်းလောက် ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

ထိုင်းနိုင်ငံက ပြည်နယ် ၄၄ ခုမှာ လက်ရှိ ထိုင်းအစိုးရက နေ့ချင်းပြီးလုပ်ပေးနေတဲ့ အလုပ်သမားလက်မှတ်တွေကို အောက်တိုဘာလကုန်ထိ လုပ်ဆောင်ပေးသွားမယ်လို့ ကြေညာထားပြီး အလုပ်သမားလက်မှတ်တခုလုပ်ရင် ဘတ် ၃၀၈၀ ကုန်ကျပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013