DVB Logo
Home
မြန်မာသတင်း
ကလေးမြောက်ပိုင်း၌ နေအိမ်  ၁၀၀၀ ခန့်မီးရှို့ခံရပြီး ဒေသခံ ‌၁၅၀၀၀ ကျော် စစ်ဘေးရှောင်
DVB
·
June 7, 2024
ကလေးမြောက်ပိုင်း၌ နေအိမ်  ၁၀၀၀ ခန့်မီးရှို့ခံရပြီး ဒေသခံ ‌၁၅၀၀၀ ကျော် စစ်ဘေးရှောင်
1 / 7
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း လက်ပံချောင်းကျေးရွာအုပ်စုမှာ ၂ လအတွင်း စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင် နေအိမ် မီးရှို့ဖျက်ဆီးမှုတွေကြောင့် ‌‌ဒေသခံနေအိမ် ၁၀၀၀ နီးပါး မီးလောင်ဆုံးရှုံးထားပြီး ဒေသခံ ၁၅၀၀၀ ကျော်ဟာလည်း တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဧပြီ ၅ ရက်ကစတင်ပြီး ကလေးမြို့တွင်းကနေ ဆည်ကြီးရွာဘက်ကို စတင်ကာ စစ်ကြောင်းထိုးခဲ့ပြီး ဆည်ကြီးရွာ၊ မော်စီရွာ၊ ပျဉ်းခုံကြီးရွာ၊ ပျဉ်းခုံ‌လေးရွာ၊ ယောက်ချိုကွင်းရွာ၊ မိုင်းနွဲ့ရွာ၊ ပြည်တော်သာရွာ၊ သာယာကုန်းရွာနဲ့ နန်းချောင်းရွာက ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် ဒေသခံနေအိမ် ၁၀၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

တိုက်ပွဲ‌တွေနဲ့ စစ်ကြောင်းထိုး နေအိမ်မီးရှို့ဖျက်ဆီးမှုတွေကြောင့် လက်ပံချောင်းကျေးရွာအုပ်စုက ဒေသခံ ၁၅၀၀၀ ကျော်ဟာလည်း ဘေးလွတ်ရာနေရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြရပြီး နေထိုင်စားသောက်ရေး အကူအညီ‌တွေလိုအပ်နေကြတယ်လို့ဆိုပါတယ်။

စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက" စစ်ရှောင်တွေကိုကတော့ ကျနော်တို့အဖွဲ့တွေလည်း လက်လှမ်းမီသမျှ ထောက်ပံ့ပေးနေပါတယ်ဗျ။ ရေရှည်လုံလောက်မှုကတော့ မလွယ်ကူသေးပါဘူး။ အခုစစ်ရှောင်တွေက တောထဲတွေမှာအများစုနေရတာဆိုတော့ မိုးကာနဲ့ ဆန်အပိုင်းကတော့ အဓိကလိုအပ်နေတယ်ဗျ” လို့ပြောပါတယ်။

လက်ရှိမှာ လက်ပံချောင်းကျေးရွာအုပ်စုက စစ်ဘေးရှောင်တွေဟာ မီဇိုရမ်ပြည်နယ်နဲ့ ကလေးမြို့ပေါ်တွေကို တိမ်းရှောင်ကြတာရှိသလို အများစုကတော့ နီးစပ်ရာလုံခြုံတဲ့ကျေးရွာတွေနဲ့ တောတောင်တွေမှာ နေထိုင်နေကြရတာပါ။

အဆိုပါ စစ်ကြောင်းထိုးနေအိမ်မီးရှို့ဖျက်ဆီးမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဧပြီလကုန်အထိ ၃ နှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူနေအိမ်ပေါင်း ၈၈၃၇၃ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ Data For Myanmar ရဲ့ စာရင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013