DVB Logo
Home
မြန်မာသတင်း
လေယာဉ် တိုးတက်လာပေမယ့် ခရီးသည် လိုက်ပါ မတိုးတက်
DVB
·
September 20, 2014
လေယာဉ် တိုးတက်လာပေမယ့် ခရီးသည် လိုက်ပါ မတိုးတက်
Donate to DVB

Myanmar Airway မြန်မာနိုင်ငံ ပြည်တွင်းခရီးစဉ်တွေကို ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေအနေနဲ့ ၃ နှစ်အတွင်း ပြေးဆွဲနေတဲ့ လေယာဉ် ၆၀ ရာခိုင်နှုန်းနီးပါး တိုးမြှင့် ၀ယ်ယူ အသုံးပြုခဲ့ပေမယ့် ခရီးသည် တိုးတက်ရရှိမှုကတော့ ၁၄ ရာခိုင်နှုန်းပဲ တိုးလာတယ်လို့ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်က ပြည်တွင်းလေကြောင်းလိုင်းတွေမှာ လေယာဉ် ၂၉ စင်းပဲ ရှိပြီး ၂၀၁၃- ၁၄ ခုနှစ်မှာတော့ ၄၆ စင်းအထိ တိုးတက်လာပါတယ်။

ခရီးသည်ရရှိမှုမှာတော့ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှာ ခရီးသည် ၁ သန်း ၅ သိန်းနီးပါး ရှိရာကနေ ၂၀၁၃-၁၄ ခုနှစ်မှာ ၁ သန်း ၇ သိန်းနီးပါး ပဲ တိုးတက်လာလို့ ဖြစ်ပါတယ်။

လက်ရှိ ပြည်တွင်းမှာ မြန်မာ့လေကြောင်း၊ အဲပုဂံ၊ အဲမန္တလေး၊ ရန်ကုန်အဲဝေး၊ အဲကမ္ဘောဇ၊ အေးရှားဝင်း၊ ရွှေမြန်မာ၊ မန်းရတနာပုံနဲ့ အမ်အေအိုင် လေကြောင်းတွေ ပြေးဆွဲနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013