Home
မြန်မာသတင်း
သံတွဲမြို့နယ် ဆင်ခေါင်းရွာကို စစ်တပ်ဗုံးကြဲ၊ ဒေသခံ ၁၆ ဦးထက်မနည်း သေဆုံး
DVB
·
June 5, 2024

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်က ဇွန် ၅ ရက် မနက် ၈ နာရီလောက်မှာ လေယာဉ်နဲ့ဗုံးကြဲလို့ ဒေသခံ ၁၆ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဆင်ခေါင်းရွာသားတယောက်က DVB ကို ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိတဲ့ ဆင်ခေါင်းကျေးရွာနားကို ဇွန် ၃ ရက်လောက်ကတည်းက လေကြောင်းအပြင် နေဗီသင်္ဘောတွေကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ ဖြစ်ပါတယ်။

ဆင်ခေါင်းရွာသားတဦးက “မနက်က (ဇွန်လ ၅ ရက်နေ့) ရွာသားတွေက ပစ္စည်းတွေဘာတွေ ကျန်ခဲ့လို့ဆိုပြီး သွားယူချိန်မှာပဲ လေယာဉ်နဲ့ ဗုံးကြဲလိုက်တာ။ ၂ လုံးကြဲလိုက်တာ ၁၆ ယောက်လောက် သေသွားတာပဲ” လို့ ပြောပါတယ်။

ဒါကြောင့် ဇွန် ၅ ရက်နေ့မှာတော့ မနက်ပိုင်းကတည်းက ဆင်ခေါင်းကျေးရွာက ရွာခံတွေအားလုံး နီးစပ်ရာတွေကို ထွက်ပြေးနေကြပြီလို့ ဆိုပါတယ်။

သေဆုံးသူ အရပ်သားတွေရဲ့ ရုပ်အလောင်းတွေကိုလည်း ညနေပိုင်းအထိ မကောက်ရဲသေးဘဲ သံတွဲနဲ့ တောင်ကုတ်မြို့တွေကိုပါ သွားမရတာကြောင့် ဒဏ်ရာရရှိသူတွေကို ဆေးကုသပေးဖို့ အခက်ကြုံနေရကြောင်း ဆိုပါတယ်။

ဆင်ခေါင်းရွာသူတဦးကလည်း လူအများအပြား သေဆုံးရတာကို ကြားရပေမဲ့ ဇွန် ၄ ရက်ကတည်းက တောထဲမှာ စစ်ရှောင်နေရတာကြောင့် အတိအကျ မသိရသေးဘူးလို့ DVB ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အာရက္ခတပ်တော်က ထုတ်ပြန်တာ မရှိသေးသလို DVB အနေနဲ့လည်း အသေးစိတ် အတည်မပြုနိုင်သေးဘဲ ဆက်လက်စုံစမ်းနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024