DVB Logo
Home
မြန်မာသတင်း
အလုပ်သမားရေးရာ ညွှန်ချုပ်ကို ပိတ်ထားခဲ့ခြင်းမရှိဟု အလုပ်သမားများပြော
DVB
·
September 19, 2014
အလုပ်သမားရေးရာ ညွှန်ချုပ်ကို ပိတ်ထားခဲ့ခြင်းမရှိဟု အလုပ်သမားများပြော
Donate to DVB

ရန်ကုန် လှိုင်သာယာ စက်မှုဇုန်ထဲက တောင်ကိုရီးယားပိုင်  မာစတာစပေါ့ ဖိနပ်စက်ရုံ ပဋိပက္ခနဲ့ ပတ်သက်ပြီး အလုပ်သမားဌာနနဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေရဲ့ ပြီးခဲ့တဲ့ရက်က မီဒီယာတွေကို ပြောကြားချက်ဟာ မှန်ကန်မှုမရှိဘူးလို့ အလုပ်သမားတွေက ဒီကနေ့ စက်ရုံရှေ့မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

[caption id="attachment_65475" align="alignleft" width="303"]ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီး အလုပ်သမားတဦး ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီး အလုပ်သမားတဦး[/caption]

စက်တင်ဘာ ၁၆ ရက်ညက အလုပ်သမား ညွန်ကြား ရေးမှူးချုပ်  ဦးဝင်းရှိန်ကို စက်ရုံထဲ ကနေ ပြန်ခွင့်မပေးခဲ့လို့  ရဲတပ်ဖွဲ့က စက်ရုံတွင်း ၀င်ရောက် စီးနင်းခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အလုပ်သမားတဦးက အခုလို ရှင်းလင်းပြောကြား ပါတယ်။

“ဒီနားမှာ ချကွာချကွာဆိုပြီး ၀ိုင်းရိုက်ပါတယ်။ အဲဒီထဲမှာ မဆုမွန်က ၀င်ဆွဲပါတယ်၊ ၀င်ဆွဲတော့ ၂ ယောက်သား ရဲ ၃ယောက်ရဲ့အောက်မှာ အလူးအလဲခံရပါတယ်။ ကုတ်ကနေကိုင်ပြီး ဆွဲပြီးရိုက်တာပါ၊ ညီမတို့မှာ ပြန်ခုခံနိုင်တဲ့ စွမ်းအားလည်းမရှိပါဘူး။”

အစိုးရ တာဝန်ရှိသူတွေကတော့  ဒီကိစ္စနဲ့ပတ်သက်ပြီး    ၁၇ ရက်က ရှင်းလင်းပြောကြားရာမှာ  ဦးဝင်းရှိန်နဲ့  အဖွဲ့ကို  အလုပ်သမား တွေက စက်ရုံထဲက ပြန်ထွက်ခွင့် မပေးခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ခေါ် ဆောင်ခဲ့ရပြီး ရေသန့် ဘူးတွေ၊ ထမင်းချိုင့်တွေနဲ့ ပစ်ပေါက် တိုက်ခိုက်လာတဲ့ အတွက် လူစုခွဲခဲ့ ရတာလို့ ပြောကြားခဲ့တာပါ။

စက်ရုံတွင်းမှာ ရဲတပ်ဖွဲ့နဲ့ အလုပ်သမားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး အလုပ်သမားကိုယ်စားလှယ် မစန်းသီတာက အခုလိုပြန်ပြောပြပါတယ်။

“ဆလိုက်မီးတွေ အကုန်ဖြတ်ချလိုက်တယ်။ အဲဒီအချိန်မှာ သူ့လူကိုယ့်လူမသိတော့ပါဘူး၊ ပစ်စရာ ဆိုလို့ အိမ်ကထည့်လာတဲ့ ထမင်းချိုင့်နဲ့ ရေသန့်ဘူးပဲရှိတယ်။ အဲဒါနဲပဲပစ်ခဲ့ရပါတယ်။ ပစ်တယ်ဆိုတာကလည်း သူတို့ဘက်ကနေ ကိုယ်ထိလက်ရောက် စော်ကားလို့။”

ဒီစက်ရုံရဲ့ လုပ်သား ၇၀၀ ကျော် အမျိုးသား လုပ်သား ၄၀ လောက်ပဲပါဝင်နေပြီး အများစုက အမျိုးသမီးတွေ ဖြစ်ကြသလို အဲဒီနေ့ည စက်ရုံမှာ အမျိုးသမီးတွေများပြီး ယောက်ျားလေးက ၁၀ ယောက်လောက်ပဲ ရှိတယ်လို့ မစန်းသီတာက  ပြောပါတယ်။

လှိုင်သာယာ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲအုပ်ဝဏ္ဏစိုးကတော့  ရဲတွေက အေးအေးချမ်းချမ်းနဲ့ လူစုခွဲခဲ့တာသာဖြစ်ပြီး  အစိုးရတာဝန်ရှိသူတွေ  သတင်းစာရှင်းလင်းပွဲတုန်းက  ပြောဆိုခဲ့တာတွေကလည်း မှန်ကန်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။

“သတင်းစာရှင်းလင်းပွဲမှာ ပါဝင်တဲ့ အထက်အကြီးအကဲတွေဟာ အဲဒီအခင်းဖြစ်နေရာမှာ ရှိနေတဲ့အတွက်ကြောင့် ဒါက သတင်းအချက်အလက် ခိုင်ခိုင်မာမာနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်ဆိုတာ ထင်ရှားတဲ့အချက်ဖြစ်ပါတယ်။”

မာစတာစပေါ့ ဖိနပ်စက်ရုံကို ပိုင်ရှင်ကရုတ်တရက် ကိုရီးယားကိုပြန်သွားတဲ့အတွက် နစ်နာတဲ့ အလုပ်သမားတွေက  လစာမရလို့ ကိုးရီးယားသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြသလို အလုပ်သမားခုံ သမာဓိရုံး မှာ ဒီကိစ္စ  ရင်ဆိုင်ဖြေရှင်းနေတဲ့ ကြားက အခုလို ဖြစ်ပွားခဲ့တာပါ။   အလုပ်သမားဝန်ကြီးဌာနကတော့ ဒီစက်ရုံကို လေလံတင်ရောင်းချပြီးရင် အလုပ်သမားတွေကို နစ်နာကြေးပေးမယ်လို့လည်း ကတိပေးပြောဆိုထားပြီးဖြစ်ပါတယ်။

ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့မှုမှာ အလုပ်သမားတွေဘက်က ၂၀ ကျော် ဒဏ်ရာရခဲ့သလို  ရဲတပ်ဖွဲ့ဝင် ၉ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013