DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းက အမေရိကန်ဒုံးကျည်စနစ်သုံးပြီး ရုရှားဒုံးကျည်စနစ်ကို ဖျက်ဆီး
DVB
·
June 5, 2024
ယူကရိန်းက အမေရိကန်ဒုံးကျည်စနစ်သုံးပြီး ရုရှားဒုံးကျည်စနစ်ကို ဖျက်ဆီး
Donate to DVB

ယူကရိန်းစစ်တပ်က အမေရိကန်ထုတ် ဟီမာစ် ဒုံးကျည်စနစ်ကိုသုံးပြီး ရုရှားနိုင်ငံ ဘယ်လ်ဂိုရော့ဒ်ဒေသထဲက မြေပြင်ကနေ ဝေဟင်ကို တာဝေးပစ် အတွဲလိုက်ဒုံးကျည်စနစ်  S-300 ကို ဖျက်ဆီးလိုက်တယ်လို့ အဇာဘိုင်ဂျန်နိုင်ငံအခြေစိုက် kanal 13 အွန်လိုင်းရုပ်သံက ဇွန် ၃ ရက်မှာ ဖော်ပြပါတယ်။

ဒါဟာ ယူကရိန်းကို ရုရှားက ကျူးကျော်စစ်အတွင်း အမေရိကန်က ပံ့ပိုးထားတဲ့ ဟီမာစ် ဒုံးကျည်တွေကိုသုံးပြီး ယူကရိန်းက ရုရှားနိုင်ငံထဲကို ပထမဆုံးပစ်ခတ်မှုလည်း ဖြစ်ပါတယ်။

ဒီရုပ်သံတွေကို တယ်လီဂရမ်ချန်နယ်မှာ မျှဝေထားတာပါ။ စနေနေ့က ရုရှားနိုင်ငံ ဘယ်လ်ဂိုရော့ဒ်ပြည်နယ်ကို အမေရိကန်လုပ် ဟီမာစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခံရတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကလည်း အခိုင်အမာ ပြောပါတယ်။

ဘယ်လ်ဂိုရော့ဒ်ဒေသတွင်းမှာ ပေါက်ကွဲမှုတွေကို ဒေသခံ မီဒီယာတွေက ထုတ်ပြန်အပြီးမှာ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။

ဇွန် ၁ ရက်က မြို့ထဲမှာ အချိန် ၁၅ မိနစ်အတွင်း ပေါက်ကွဲမှု ၄၀ ကျော် ဖြစ်ခဲ့တယ်လို့ ဒေသခံ အတော်များများက သတင်းပို့ပါတယ်။ ရုရှားရဲ့ အခိုင်အမာ ပြောဆိုချက်ကို ယူကရိန်းအစိုးရက မှတ်ချက်မပေးသေးပါဘူး။

အမေရိကန်ဆီက ခွင့်ပြုချက် ရအပြီးမှာ ယူကရိန်းစစ်တပ်က မြေပြင်က ဝေဟင်ပစ် ဟီမာစ် ဒုံးကျည်တွေကို ရုရှားရဲ့ ဘယ်လ်ဂိုရော့ဒ်ဒေသထဲ ချိန်ရွယ် ပစ်ခတ်ခဲ့တာပါ။

“ဒါဟာ ရုရှားတွေရဲ့ အကြမ်းဖက်မှုကနေ ယူကရိန်းနိုင်ငံနဲ့ ပြည်သူတွေကို ပိုကောင်းကောင်း ကာကွယ်ဖို့ ကျနော်တို့ကို ခွင့်ပြုလိုက်တဲ့ ကြိုဆိုရမယ့် ခြေလှမ်းပဲ” လို့ အမေရိကန်သမ္မတက ပြောခဲ့ပါတယ်။

ဘယ်လ်ဂိုရော့ဒ်နဲ့ ပတ်ဝန်းကျင်ဒေသကို ခုလို ပစ်ခတ်လိုက်ခြင်းအားဖြင့် ယူကရိန်းဟာ ဗက်ဗ်ချန့်စ်ခ်မြို့ထဲမှာ ရုရှားတွေကို တလမ်းဝင် တလမ်းထွက် တိုက်စရာမလိုဘဲ နိုင်ငံမြောက်ပိုင်းက တပ်စုတွေကို ချေမှုန်းနိုင်လိမ့်မယ်လို့ kanal13 ရုပ်သံက သုံးသပ် ဖော်ပြခဲ့ပါတယ်။

ယူကရိန်းစစ်တပ်ဟာ ဗက်ဗ်ချန့်စ်ခ်မြို့ရဲ့ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး မေလစတည်းက ရုရှားတပ်တွေက သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ နယ်စပ်ကနေ ၃ မိုင်ပဲ ဝေးတယ်လို့ ယူကရိန်းစစ်တပ် ပြောခွင့်ရ နာဇာ ဗိုလိုရှင်က နိုင်ငံပိုင်ရုပ်သံကို ဇွန် ၁ ရက်မှာ ပြောခဲ့ပါတယ်။

မြို့ထဲမှာ ဖြစ်နေဆဲ ပေါက်ကွဲမှုတွေ အပျက်အစီးတွေနဲ့ မီးလောင်ပြင်တွေကို ဒရုန်းယာဉ်နဲ့ ရိုက်ကူးထားတဲ့ ရုပ်သံတခုလည်း ဇွန် ၂ ရက်က ထွက်ပေါ်ခဲ့ပါတယ်။

အဆောက်အဦတွေ၊ ဘုရားကျောင်းနဲ့ မြစ်၊ သစ်ပင်နဲ့ လမ်းတွေရဲ့ အနေအထား အခင်းအကျင်းအရ ဂြိုဟ်တုကနေ မြို့ကို ရိုက်ကူးထားတဲ့ ရုပ်ပုံတွေနဲ့ တိုက်ဆိုင် စစ်ဆေးအပြီး ရုပ်သံစစ်မှန်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ရုပ်သံရိုက်ကူးခဲ့တဲ့ ရက်စွဲကိုတော့ လွတ်လွတ်လပ်လပ် စစ်ဆေး အတည်မပြုနိုင်သေးပါဘူး။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013