DVB Logo
Home
မြန်မာသတင်း
ရွှေတကျပ်သားကို ကျပ် ၄,၈၇၁,၀၀၀ ဖြင့်ရောင်းချရန် ရွှေလုပ်ငန်းရှင်အသင်းက ရည်ညွှန်းဈေး သတ်မှတ် 
DVB
·
June 4, 2024
ရွှေတကျပ်သားကို ကျပ် ၄,၈၇၁,၀၀၀ ဖြင့်ရောင်းချရန် ရွှေလုပ်ငန်းရှင်အသင်းက ရည်ညွှန်းဈေး သတ်မှတ် 
Donate to DVB

ဒေါ်လာနဲ့ ရွှေ ဝယ်ရောင်းတွေကို ဖမ်းဆီးပြီးနောက် ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ရွှေရည်ညွှန်းဈေးကို အရင်ထက် ကျပ် ၇ သိန်းကျော်ထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

ရွှေဆိုင်တွေနဲ့ ရွှေလုပ်ငန်းရှင်တွေအနေနဲ့ YGEA သတ်မှတ်ဈေးဖြစ်တဲ့ အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို ၄,၈၇၁,၀၀၀ ကျပ်နဲ့သာ အရောင်းအဝယ် ပြုလုပ်ရမယ်လို့ မေ ၄ ရက် မနက်ပိုင်းက ထုတ်ပြန်ခဲ့တာပါ။

YGEA ရဲ့ ရွှေဈေးသတ်မှတ်နှုန်းထားဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ကျပ်သိန်း ၄၀ ဝန်းကျင်မှာပဲ ရှိခဲ့ပါတယ်။

YGEA ဟာ ရွှေဈေးသတ်မှတ်ချက်ကို ကျပ် ၇ သိန်းကျော်၊ ၈ သိန်းဝန်းကျင်ထိ ရက်ပိုင်းအတွင်း တိုးမြှင့်လိုက်တာပါ။

ရွှေလုပ်ငန်းရှင်တဦးက “ရွှေအသင်းက ဈေးတိုးသတ်မှတ်တော့ ပြင်ပပေါက်ဈေးနဲ့ ကွာဟချက် နည်းသွားတာပေါ့။ ဒီလိုသတ်မှတ်တာက ဈေးကွက်အပေါ် သက်ရောက်မှုရှိ၊ မရှိ ဆိုတာကတော့ အသင်းက အရင်လည်း ခဏခဏ သတ်မှတ်နေတာပဲလေ။ ဘာမှမထူးနိုင်ပါဘူး” လို့ ပြောပါတယ်။

အခုလို YGEA က ရွှေဆိုင်နဲ့ ရွှေလုပ်ငန်းရှင်တွေ ရောင်းချရမယ့်ဈေးကို တိုးမြှင့် သတ်မှတ်ပေးပေမဲ့ ပြင်ပဈေးကွက်မှာတော့ ဈေးကွက်မတည်ငြိမ်တာကြောင့် ရွှေအတုံး၊ အခဲနဲ့ အခေါက်ရွှေ အရောင်းအဝယ်တွေက ရပ်တန့်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တကျပ်သားကို ကျပ် သိန်း ၆၀ ဝန်းကျင်ထိ စံချိန်တင် မြင့်တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ရွှေနဲ့ ဒေါ်လာ ဝယ်ရောင်းလုပ်ကိုင်သူ‌တွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူပြီးတဲ့နောက် ဒီနေ့မှာ ကျပ် ၅,၂၆၀,၀၀၀ ဝန်းကျင်ကို တဟုန်ထိုး ထိုးဆင်းလာခဲ့ပါတယ်။

အမေရိကန်ဒေါ်လာဈေးကလည်း တဒေါ်လာကို ၄,၈၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်ခဲ့ရာက‌ အခုအခါ ၄,၃၀၀ ကျပ်ထိ ပြန်ကျဆင်းလာတယ်လို့ ငွေ‌ကြေးဈေးကွက်အတွင်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013