DVB Logo
Home
နိုင်ငံတကာ
သမ္မတဘိုင်ဒင်၏ ဂါဇာ အပစ်ရပ်ရေး အစီအစဉ်ကို အစ္စရေး လက်ခံ
DVB
·
June 3, 2024
သမ္မတဘိုင်ဒင်၏ ဂါဇာ အပစ်ရပ်ရေး အစီအစဉ်ကို အစ္စရေး လက်ခံ
Donate to DVB

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဂါဇာစစ်ပွဲ အရှိန်လျှော့ချရေး မူဘောင်ဟာ အားနည်းချက်တွေရှိပြီး အများကြီး ပြုပြင်ဖို့လိုနေပေမဲ့ အစ္စရေးက လက်ခံထားတယ်လို့ ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ အကြံပေးဖြစ်သူက ဇွန် ၂ ရက်မှာ အတည်ပြုပါတယ်။

ဗြိတိန် ဆန်းဒေးတိုင်းမ်စ်သတင်းစာနဲ့ အင်တာဗျူးမှာ ဝန်ကြီးချုပ်ရဲ့ နိုင်ငံခြားရေးမူဝါဒ အကြံပေးအရာရှိချုပ် အိုဖီယာဖော့ခ်က ဓားစာခံတွေ လွှတ်ပေးစေချင်လို့ သဘောတူလိုက်တာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

အသေးစိတ်အချက်အလက်တွေ အများကြီး ညှိဖို့လိုသေးကြောင်း၊ ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ ဟားမတ်စ်အဖွဲ့ ဖျက်သိမ်းရေးလို အစ္စရေးဘက်က သတ်မှတ်ချက်တွေလည်း ရှိကြောင်း ဖော့ခ်က ဖြည့်စွက်ပြောပါတယ်။

နေတန်ယာဟု အစိုးရရဲ့ စစ်ပွဲအဆုံးသတ်ရေး အဆင့် ၃ ဆင့်ပါ အစီအစဉ်ဆိုပြီး သမ္မတ ဘိုင်ဒင် ဘက်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အဓိကပြဿနာက အီဂျစ်နဲ့ ကာတာက ဝင်ညှိတဲ့ အစီအစဉ်မှာဆိုရင် ဟားမတ်စ် မပါဘဲ မဖြစ်နိုင်ပေမဲ့ အစ္စရေးဘက်ကကျတော့ ဟားမတ်စ် အမြစ်မဖြုတ်နိုင်မချင်း စစ်ဆက်တိုက်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဘိုင်ဒင်ဟာ ပြီးခဲ့တဲ့လတွေကလည်း အလားတူ အပစ်ရပ်ရေး အဆိုပြုချက်တွေ ချပြခဲ့ပေမဲ့ တခုမှ အလုပ်မဖြစ်ခဲ့ပါဘူး။

မတ် ၁၀ ရက်ကစပြီး ရာမာဒန်ဥပုသ်လမှာ အပစ်ရပ်ဖို့ အစ္စရေးက သဘောတူထားတယ်လို့ ဘိုင်ဒင်က ပြောခဲ့ဖူးပေမဲ့ တကယ်တမ်း ဖြစ်မလာခဲ့ပါဘူး။

ဟားမတ်စ်ကို အလုံးစုံ မဖျက်ဆီးနိုင်မချင်း ယာယီအပစ်ရပ်တာမျိုးပဲ လုပ်မယ်လို့ အစ္စရေးဘက်က တင်းခံနေတာက အဓိကပြဿနာ ဖြစ်နေတာပါ။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013