DVB Logo
Home
Lead Story
မြို့ပတ် ရထား လက်မှတ်ခ ၂ ဆ မြှင့်မည်
DVB
·
September 19, 2014
မြို့ပတ် ရထား လက်မှတ်ခ ၂ ဆ မြှင့်မည်
Donate to DVB

အရှုံးပေါ်နေတဲ့ မြန်မာ့မီးရထား လုပ်ငန်းဟာ သိပ်မကြာမီ အချိန်အတွင်း မြို့ပတ်ရထား စီးခတွေကို ဈေးနှုန်း ၂ ဆ တိုးမြှင့်ကောက်ခံတော့မယ်လို့ ရန်ကုန်တိုင်းရုံး တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

Trainလက်ရှိ မြို့ပတ်ရထား စီးခ အသွားအပြန် အတွက် ကျပ်ငွေ ၁၀၀ ကောက်ခံနေရာကနေ အသွား ကျပ် ၁၀၀၊ အပြန် ကျပ် ၁၀၀ သီးခြားစီ ကောက်ခံမယ့် အစီအစဉ် ဖြစ်ပါတယ်။

မြို့ပတ် ရထား ပြေးဆွဲမှုကနေ ပျမ်းမျှ တနေ့ ကျပ် သိန်း ၈၀ လောက်ရပေမယ့် ဒီဇယ်ဆီဖိုးပဲ တနေ့ ကျပ် သိန်း ၉၀ နီးပါး ရှိနေတယ်လို့ ဆိုပါတယ်။

ဝန်ထမ်းစရိတ် အခြား အထွေထွေ ကုန်ကျစရိတ်တွေကိုပါ တွက်ရင် အရှုံးများနေပြီး ရထားခ နှစ်ဆ လောက်ဝင်လာရင်တော့ အရင်းကြေနိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာ့မီးရထားဟာ တရုတ်ချေးငွေနဲ့ ရထားစက်ခေါင်းတွေ တွဲတွေ ၀ယ်ယူဖို့ လွှတ်တော် တင်ပြထားပြီး ဆွေးနွေးနေဆဲ အခြေအနေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013