DVB Logo
Home
အားကစား
ယူရို ၂၀၂၄ ပြိုင်ပွဲဝင်အသင်းများအပေါ် လေ့လာသုံးသပ်ချက် (အုပ်စု B) 
DVB
·
June 2, 2024
ယူရို ၂၀၂၄ ပြိုင်ပွဲဝင်အသင်းများအပေါ် လေ့လာသုံးသပ်ချက် (အုပ်စု B) 
Donate to DVB

အုပ်စု B မှာ ယူရိုချန်ပီယံ ၃ ကြိမ်ရရှိထားပြီး ဂျာမနီနဲ့အတူ ဆုဖလားအများဆုံးရရှိထားတဲ့ စပိန်က  အီတလီနဲ့  ခရိုအေးရှား၊ အယ်လ်ဘေးနီးယားအသင်းတွေ  တွေ့ဆုံနေပါတယ်။ 

စပိန် 

ခြေစစ်ပွဲအဆင့် ၈ ပွဲမှာ ၇ ပွဲနိုင်၊ ၁ ပွဲသာရှုံးနိမ့်ပြီး အုပ်စုပထမနေရာကနေ ခြေစစ်ပွဲ အောင်မြင်လာတဲ့စပိန်ဟာ ယူရိုပြိုင်ပွဲကို ၁၂ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတာ ဖြစ်တယ်။

၁၉၆၄၊ ၂၀၀၈ နဲ့ ၂၀၁၂ ယူရိုပြိုင်ပွဲတွေမှာ ချန်ပီယံဆု ရရှိထားတဲ့ စပိန်ဟာ အခုနှစ်ပြိုင်ပွဲမှာလည်း ချန်ပီယံဆုဖလားရနိုင်တဲ့ အသင်းစာရင်းထဲမှာ ပါဝင်တဲ့ အသင်းဖြစ်တယ်။

နည်းပြ ဒီလာဖွန်တေးဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီကမှ စတင်တာဝန်ယူခဲ့တာဖြစ်ပြီး မရဏ အုပ်စုမှာအမှားခံလို့တော့မရနိုင်တဲ့ အခြေအနေဖြစ်တယ်။ အီတလီ၊ ခရိုအေးရှားတို့နဲ့ ပွဲစဉ်တွေမှာ စပိန်အသင်း ခက်ခက်ခဲခဲယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဲဒီ ၂ ပွဲရလဒ်က အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲစဉ်တွေ ဖြစ်လာမှာပါ။

အကောင်းဆုံး အုပ်စု တတိယလေးသင်းအထိ နောက်တဆင့်တက်ခွင့်ရမှာက စပိန်၊ အီတလီနဲ့ ခရိုအေးရှားတို့အတွက် ရှုံးထွက်အဆင့်တက်ဖို့ နောက်ဆုံးအချိန်အထိ မျှော်လင့်ချက် ဆက်ရှိနေစေမှာ ဖြစ်တယ်။ မိုရာတာနဲ့ ဟိုဆေးလူတို့က ခြေစစ်ပွဲအဆင့်မှာ ၄ ဂိုးစီ သွင်း ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲအဆင့်မှာ ပိုကောင်းတဲ့ အဆုံးသတ်စွမ်းရည်ပြသဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ခရိုအေးရှား

ခြေစစ်ပွဲ ၈ ပွဲမှာ ၅ ပွဲနိုင် ၁ ပွဲသရေ  ၂ ပွဲ ရှုံး ရလဒ်နဲ့ အုပ်စုဒုတိယကနေ ခြေစစ်ပွဲအောင်မြင်လာခဲ့တဲ့ ခရိုအေးရှားအသင်းဟာ ယူရိုပြိုင်ပွဲကို ၆ ကြိမ်ဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်တယ်။

၂၀၁၈ ကမ္ဘာ့ဖလားမှာ  ဗိုလ်လုပွဲတက်ခဲ့ဖူးပေမဲ့ ယူရိုပြိုင်ပွဲသမိုင်းမှာတော့ ခရိုအေးရှားက ကွာတားဖိုင်နယ်အဆင့်ထိသာ အမြင့်မားဆုံးအောင်မြင်မှု ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် မိုဒရစ်က  ၉ ကြိမ်မြောက် အဓိကပြိုင်ပွဲကြီး တရပ်ကို နောက်ဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး အသင်းကို ဘယ်ထောက်အထိ တွန်းတင်နိုင်မလဲ စောင့်ကြည့်သွားရမှာပါ။

နည်းပြအဖြစ်  ဒါလစ်က ၂၀၁၇ ခုနှစ် ကတည်းကနေ တာဝန်ယူလာခဲ့တာဖြစ်ပြီး တိုက်စစ်ပိုင်း အားနည်းချက်တွေကို ပြင်ဆင်သွားဖို့တော့ လိုအပ်နေပါတယ်။ ခံစစ်နဲ့ ကွင်းလယ်မှာ ထိပ်တန်းအဆင့် ကစားသမားတွေရှိပေမဲ့  ပတ်ကိုဗစ်၊ ဘူဒီမာတို့ ဦးဆောင်တဲ့ တိုက်စစ်ပိုင်းကတော့ ပြိုင်ပွဲကြီးတွေမှာ ရုန်းကန်ရလေ့ ရှိပါတယ်။

အီတလီ

လက်ရှိ ချန်ပီယံအီတလီဟာ ခြေစစ်ပွဲအဆင့်မှာ ယူကရိန်းနဲ့အပြိုင်ဖြစ်ခဲ့ပြီး နောက်ဆုံးပွဲစဉ်မှာ သရေ ကစားပြီး အင်္ဂလန်ရဲ့အောက် အုပ်စုဒုတိယနဲ့ ခြေစစ်ပွဲအောင်မြင်လာခဲ့တာပါ။ ၁၁ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်မဲ့ အီတလီဟာ လက်ရှိချန်ပီယံအသင်းဆိုပေမဲ့ရေပန်းစားမူအဆင့်မှာတော့ အဆင့် ၅နေရာမှာပဲရှိပါတယ်။ နာပိုလီအသင်းကိုစီးရီးအေချန်ပီယံဖြစ်အောင်တွန်းတင်ပေးခဲ့တဲ့ နည်းပြ လူစီယာနိုစပယ်လက်တီကို၂၀၂၃ ခုနှစ်စက်တင်ဘာလက ခန့်အပ်ခဲ့ပြီး လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့အတွက်တော့ ခက်ခဲနိုင်ပါတယ်။ ပွဲကြီးတွေမှာရုန်းကန်ရတက်တဲ့ စကာမက်ကာ၊ ရက်စ်ပါဒိုရီ၊ ချီယေဇာ တို့က တိုက်စစ် ကိုဦးဆောင်မှာဖြစ်ပြီး ဘယ်ရယ်လာ၊ ဂျော်ဂျင်ညို၊ ဖရက်တီဆီတို့ရဲ့ ကွင်းလယ်ပိုင်းကတော့ ခြေစွမ်းပြ ကစားနိုင်ပါလိမ့်မယ်။ ကမ္ဘာ့အဆင့် ၁၀ အတွင်း က အသင်းသုံးသင်းရဲ့ မရဏအုပ်စုမှာ ထိပ်တိုက်တွေ့ဆုံမူရလဒ်တွေက အုပ်စုတက်၊မတက်ကို အဆုံး အဖြတ်ပေးသွားမှာဖြစ်တယ်။

အယ်လ်ဘေးနီးယား

ပိုလန်နဲ့ ချက်တို့ ပါဝင်တဲ့ အုပ်စုမှာ ပထမနေရာကနေ ခြေစစ်ပွဲအောင်လာက အယ်လ်ဘေးနီယား အသင်းရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုကို မြင်သာထင်သာရှိစေပါတယ်။ ဒါပေမဲ့ ထိပ်တန်းအသင်းကြီး သုံးသင်းပါဝင်နေတဲ့ မရဏအုပ်စုမှာ ကျရောက်နေတာကတော့ ကံဆိုးမှုတခုပါပဲ။

ဘရာဇီးနည်းပြဆယ်ဗင်ညို ကိုင်တွယ်နေတဲ့အသင်းဖြစ်ပြီး အုပ်စုတက်ဖို့ အခွင့်အရေးအ အနည်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရတယ်။

ဥရောပလိဂ်တွေမှာ ကစားနေတဲ့ ကစားသမားတွေရှိပေမဲ့ ထိပ်တန်းအသင်းတွေကို ယှဉ်နိုင်ဖို့လိုအပ်မှာဖြစ်တယ်။ ယူရိုပြိုင်ပွဲကို ၃ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ခြင်း မရှိဖူးပါဘူး။ မရဏအုပ်စုမှာ အယ်လ်ဘေးနီးယားကို အိမ်ဖြည့်အသင်းအဖြစ် သတ်မှတ်ထားကြ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013