DVB Logo
Home
မြန်မာသတင်း
စက်ရုံများ၏ အခြေခံလခ ၃ လစာ Deposit တင်ရမည့် စည်းကမ်းထည့်ရန် တင်ပြ
DVB
·
September 19, 2014
စက်ရုံများ၏ အခြေခံလခ ၃ လစာ Deposit တင်ရမည့် စည်းကမ်းထည့်ရန် တင်ပြ
Donate to DVB

[caption id="attachment_32551" align="alignright" width="300"]လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ) လှိုင်သာယာအထည်ချုပ်စက်ရုံတခု (ဓာတ်ပုံ - ရိုက်တာ)[/caption]မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ မာစတာစပေါ့စက်ရုံလို ပြသနာမျိုး မပေါ်ပေါက်စေဖို့ ပြည်ပက ၀င်ရောက်ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေအနေနဲ့ စက်ရုံတွေရဲ့ အခြေခံလခ ၃ လစာ Deposit တင်ရမယ့် စည်းကမ်း ထည့်ပေးဖို့ အလုပ်သမားဝန်ကြီးဌာနကနေ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (အမ်အိုင်စီ) ဆီ တင်ပြထားကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပတဲ့ မာစတာစပေါ့စက်ရုံ ပဋိပက္ခဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲမှာ သူက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

မာစတာစပေါ့စက်ရုံ ပြဿ နာဟာ စက်ရုံပိုင်ရှင်ဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံသားဟာ အလုပ်သမားတွေကို လုပ်ခလစာ မပေးပဲ ထွက်ပြေးသွားတာကနေ စပြီး ပေါ်ပေါက်လာတဲ့ ပြဿ နာ ဖြစ်တဲ့အကြောင်း၊ ဒါကို ၀န်ကြီးဌာနက ၀င်ရောက်ဖြေရှင်းနေတဲ့အကြောင်း၊ နောင် ပြဿ နာ မပေါ်ဖို့ ခုလို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းကမ်းမှာ ထည့်သွင်းပေးဖို့ တောင်းဆိုရတာ ဖြစ်ကြောင်း ရှင်းပြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဘက်ကတော့ ဘာမှ အကြောင်းပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013