DVB Logo
Home
နိုင်ငံတကာ
ကနေဒါကွင်းဆက်လူသတ်သမား ထောင်တွင်း အသတ်ခံရ၍ သေဆုံး
DVB
·
June 1, 2024
ကနေဒါကွင်းဆက်လူသတ်သမား ထောင်တွင်း အသတ်ခံရ၍ သေဆုံး
Donate to DVB

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ကနေဒါကွင်းဆက်လူသတ်သမား ရောဘတ် ပစ်ခ်တန်ဟာ ထောင်တွင်း တခြားအကျဉ်းသား တဦးရဲ့ တိုက်ခိုက်ခံရအပြီး  မေ ၃၁ ရက်က သေဆုံးသွားပြီဖြစ်တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ 

ကနေဒါမှာ အထင်ရှားဆုံး ကွင်းဆက်လူသတ်သမားဖြစ်တဲ့ ပစ်ခ်တန်ဟာ မူးယစ်ဆေးစွဲတဲ့သူတွေ၊ ပြည့်တန်ဆာတွေကို သတ်ဖြတ်ပြီး သူ့ဝက်မွေးမြူရေးခြံထဲမှာ အပိုင်းပိုင်း ခုတ်ထစ်လှီးဖြတ်ထားခဲ့မှု ကြောင့် ထင်ရှားသူဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်မှာ လူသတ်မှုနဲ့ သူ့ကို အပြစ်ပေးနိုင်ခဲ့ပြီး ထောင်ဒဏ် တသက်တကျွန်းချခဲ့ပါတယ်။

အမျိုးသမီး ၆ ယောက်ကို သတ်ဖြတ်မှုနဲ့ အပြစ်ပေးနိုင်ခဲ့တာဖြစ်ပေမဲ့ နောက်ထပ် အယောက် ၂၀ ကို သတ်တယ်ဆိုတဲ့ စွဲချက်လည်းရှိခဲ့ပါတယ်။  

သေဒဏ် မရှိတဲ့ ကနေဒါမှာ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်အပြီးမှာတော့ အဲဒီ အယောက် ၂၀ သတ်တဲ့ စွဲချက်တွေကို အစိုးရရှေ့နေတွေက ရုပ်သိမ်းခဲ့ပါတယ်။ 

ထောင်ထဲမှာ အကျဉ်းချခံနေရစဉ် မေလ ၁၉ ရက်နေ့က တိုက်ခိုက်ခံခဲ့ရပြီးနောက် ထောင်ဆေးရုံကို ပို့ပြီး ကုသမှုပေးခဲ့တယ်လို့ဆိုပါတယ်။  

ပစ်ခ်တန်ကို ၂၀၀၂ ခုနှစ်မှာမှ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး ဗန်ကူးဗားက ဆင်းရဲပြီး မူယစ်ဆေးစွဲသူ များပြားတဲ့ မြို့လယ် အိစ်ဆိုက်ဒ်ရပ်ကွက်မှာ ပျောက်ဆုံးသွားတဲ့ အမျိုးသမီး ၆၀ ကျော်အထိ ရှိခဲ့ပါတယ်။ 

ဗန်ကူးဗားမြို့လယ်ကနေ အရှေ့ဘက် ၂၅ ကီလိုမိတာလောက်သွားရတဲ့ အရပ်က ပစ်ခ်တန်ရဲ့ ဝက်မွေးမြူရေးခြံမှာ အမျိုးသမီး ၃၃ ဦး ရဲ့ ဒီအင်န်အေ၊ ဒါမှမဟုတ် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

Source-Reuters

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013