DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းမြို့နယ်မှာ ဗုံးကွဲ၊ ၁ ဦး ဒဏ်ရာရ
DVB
·
September 19, 2014
နမ့်ခမ်းမြို့နယ်မှာ ဗုံးကွဲ၊ ၁ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ နောင်ဇန့်ရပ်ကွက်မှာ စက်တင်ဘာ ၁၈ ရက်နေ့ ညက ဗုံးပေါက်ကွဲလို့ လူ ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဗုံးကွဲနေရာဟာ ကျားဖြူပါတီရဲ့ နမ့်ခမ်းမြို့နယ် အလုပ်အမှုဆောင် စိုင်းအောင်ဝင်းရဲ့ အိမ်ရှေ့မှာ ဖြစ်ပြီး သူရဲ့ ယောက်ဖဖြစ်သူ စိုင်းညွန့်မောင် ခေါ် စိုင်းအိုက်က ဒဏ်ရာရပြီး နမ့်ခမ်းဆေးရုံကြီးမှာ တင်ထားရတယ်လို့ စိုင်းအောင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_65422" align="alignright" width="300"]ဓာတ်ပုံ - ကိုစိုင်း ဓာတ်ပုံ - ကိုစိုင်း[/caption]“မနေ့ညက ၈ နာရီခွဲပြီး ၅ မိနစ်လောက်မှာပေါ့ သူတို့လာပစ်သွားတာ။ ကျနော်က ထိုင်ပြီး သတင်းကြည့်နေတာ။ မိနစ်ပိုင်းလာက်ပဲခြားပြီး ကျနော်ပြန်ထသွားပြီးတဲ့နောက်မှ ဗုံးကကွဲတာ၊ ကျနော်က မီးပြင်ဖို့ အိမ်ပေါ်တက်သွားတာနဲ့ လွတ်သွားတာ။ အသံက တော်တော်ကျယ်တယ်။ တမြို့လုံးတောင်ကြားတယ်။ မနေ့ညက တပ်မှူးတွေရော၊ စခန်းမှူးရော၊ အုပ်ချုပ်ရေးမှူးတွေရော အားလုံးရောက်လာတယ်။ ကျနော့်ယောက်ဖကတော့ ဆေးရုံတင်ထားတယ်။ ပေါင်မှာရော၊ ခြေသလုံးရော၊ မျက်နှာနဲ့ ၀မ်းဗိုက်မှာရော ဗုံးစလေးတွေ ၀င်သွားတယ်။

ဗုံးပေါက်ကွဲတဲ့ အိမ်ရှေ့ကွင်းပြင်မှာ ၁ ပေနီးပါး တွင်းကြီး ဖြစ်သွားသလို အိမ်နံရံကြွေပြားတွေ ကွာကျခဲ့ပါတယ်။

နမ့်ခမ်းမြို့နယ်ရဲစခန်း တာဝန်ကျရဲဝန်ထမ်းတဦးကတော့ ဗုံးကွဲမှုနဲ့ ပတ်သက်လို့ အသေးစိတ် မပြောနိုင်သေးသလို တရားခံဖော်ထုတ်ဆဲပဲလို့ ပြောပါတယ်။
“မနေ့က နမ့်ခမ်းမှာ ဗုံးပေါက်တာ ဟုတ်ပါတယ်ခင်ဗျ၊။ အချိန်ကတော့ ည ၉ နာရီလောက်ပါ။ ဗုံးအမျိုးအစားတွေဘာတွေကျတော့ ခွဲခြားလို့မရသေးပါဘူး။ သက်တိုင်ရာ ဘီအီးတပ်တို့ ဘာတို့နဲ့ ညှိနှိုင်းပြီးတော့ သွားရှင်းတယ်။ ဆေးရုံကြီးဘေးက နောင်ဇန့်ရပ်ကွက်ထဲမှာပါ။ အသေးစိတ်အခြေအနေတော့ ကျနော်တို့ မသိရသေးပါဘူး။ ကျနော်တို့ ဌာနဆိုင်ရာကလူကြီးတွေ ဆက်ပြီးအရေးယူဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။”

ဒေသခံတွေအကြားမှာတော့ ဆိုင်ကယ်စီးလူ ၂ ဦးက ဗုံးပစ်ပေါက်သွားတာလို့ ပြောဆိုနေကြပါတယ်။

စိုင်းအောင်ဝင်းကတော့ ရပ်ရေးရွာရေးနဲ့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ပေးရေးတွေ ဆောင်ရွက်နေတာကို မလိုလားသူတွေက လုပ်တာလို့ ယူဆကြောင်း ပြောပါတယ်။
ခုလို ခြိမ်းခြောက်ခံရပေမယ့် ပြည်သူတွေအတွက် လုပ်စရာရှိတာ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
မေလကုန်ပိုင်းကလည်း နမ့်ခမ်းမြို့နယ်မှာ နောင်ခမ်းနဲ့ ကောင်းမိုင်းရွာကြား ဆိုင်ကယ်စီးလာသူ ၂ ဦးကို ဗုံးထိမှန်ခဲ့လို့ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013