DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း-ရန်ကုန် သွားလာနေသည့် ကုန်တင်ကားများ လုယက်ခံရမှု ပိုများလာ
DVB
·
May 31, 2024
ဧရာဝတီတိုင်း-ရန်ကုန် သွားလာနေသည့် ကုန်တင်ကားများ လုယက်ခံရမှု ပိုများလာ
Donate to DVB

ဧရာဝတီတိုင်းကနေ ရန်ကုန် တင်ပို့တဲ့ ကုန်တင်ကားတွေကို အသင့်စောင့်လုယက်တဲ့ ဖြစ်စဉ်တွေ ခပ်စိတ်စိတ် ဖြစ်ပွားလာတယ်လို့ ကုန်ကားမောင်းတဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။

မေ ၁ ရက်ကနေ ၃၀ ရက်အထိ ကာလအတွင်း ဧရာဝတီတိုင်းကနေ ရန်ကုန်ကိုတင်ပို့တဲ့ ကုန်တင်ကားတွေ အသင့်စောင့် လုယက်ခံရတဲ့ဖြစ်စဉ် ၈ ကြိမ်ထက်မနည်း ရှိခဲ့ပြီး ကုန်ကား လုယက်သူတွေမှာ တဖွဲ့ကို အနည်းဆုံး ၆ ယောက်အထိပါတယ်လို့ ဆိုပါတယ်။

ကုန်ကားယာဉ်မောင်းတယောက်က “ရန်ကုန်-ညောင်တုန်း လမ်းမကြီးပေါ် ဘုရားလမ်းထိပ် မီးပွိုင့်အနီးမှာ ကုန်ကားပေါ် ကုန်တွေတင်နေတဲ့ ကုန်ပစ္စည်းတွေ လုယက်ခံရတာ။ ငါးခြောက်အိတ်တွေ တင်နေတဲ့အချိန် လုယက်ခံရတာ။ အဲ့ကုန်ကားက ဦး‌လေးကြီးတယောက်တည်းမောင်းတဲ့ ကုန်ကားပါ။ ပစ္စည်းပါသွားတယ်။ အခု ကုန်ပစ္စည်းတွေကို လုယက်နေတဲ့ အဖွဲ့က ၆ ယောက် ၇ ယောက်လောက် ပါတယ်လို့ သိရတယ်။ လူကို အသက်အန္တရာယ်ပေးမှာကြောက်လို့ ပစ္စည်းပဲ အပါခံလိုက်ရတာ” လို့ ပြောပါတယ်။

ကားသမား နောက်တယောက်က “အခြေအနေတွေ အတော်ဆိုးလာတယ်။ စီးပွားရေး အဆင်မပြေ၊ စားဝတ်နေရေး ကျပ်တည်းလာမှုတွေကြောင့် ဖြစ်လာရတာပဲ။ အလုပ်လုပ်ရတာ အဆင်မပြေဘူး။ ဖမ်းဆီးပြီးတော့ ထိထိရောက်ရောက် အရေးယူစေချင်တယ်။ အခုက အရင်ထက် အတော့်ကို အတင့်ရဲလာတယ်။ လုယက်နေတာကိုတွေ့လည်း မပြောရဲကြဘူးလေ၊ အသတ်ခံရမှာကြောက်လို့။ ဒါကို အခွင့်ကောင်းယူပြီး လုပ်နေတာ။ သူတို့က ဧရာဝတီတိုင်း ဘက်ကလာတဲ့ ကုန်ပစ္စည်းတွေကို အဓိကလုယက်တာ” လို့ ပြောပါတယ်။

အဲဒီလို လုယက်တဲ့ဖြစ်စဉ်တွေ ဖြစ်နေတာကြောင့် တချို့ကုန်ကားတွေဟာ ညဘက်ပြေးဆွဲမှု ရပ်နားလာပြီး တချို့ကုန်ကားတွေမှာ ကားမောင်းသမားအပြင် အမျိုးသား ၂ ယောက် ဒါမှမဟုတ် ၃ ယောက်အထိ လူအပိုခေါ် ငှားရမ်းကာ လုပ်ကိုင်နေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတချို့ဟာ ခရီးသည်ဟန်ဆောင်ကာ လုယက်တဲ့ အဖွဲ့တွေမှာ ပါဝင်နေပြီး ဧရာဝတီတိုင်းကနေ ရန်ကုန် ဘုရင့်နောင်ပွဲရုံကို အများဆုံး တင်ပို့နေတဲ့ ကုန်ကားတွေကို သုံးဘီးတွေ၊ ဆိုင်ကယ်တွေ၊ ဘေးတွဲတွေ အသုံးပြုပြီး အဓိက လုယက်နေတာလို့ ဆိုပါတယ်။

Photo - ထော်လီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013