DVB Logo
Home
မြန်မာသတင်း
စဥ့်ကူးတွင် ရေကြီးမှုကြောင့် အိမ်ခြေ ၃၀၀ ပျက်စီး၊ လူ ၁၀၀၀ နီးပါး အကူအညီလိုအပ်
DVB
·
September 19, 2014
စဥ့်ကူးတွင် ရေကြီးမှုကြောင့် အိမ်ခြေ ၃၀၀ ပျက်စီး၊ လူ ၁၀၀၀ နီးပါး အကူအညီလိုအပ်
1 / 7
Donate to DVB

မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရေမြတ်ကျေးရွာ၊ ကျည်တောက်ပေါက်၊ နွယ်ရုံနဲ့ ရှောက်ပင်ရိုး တလျှောက်မှာ စက်တင်ဘာ ၁၈ ရက်နေ့ မနက်အစောပိုင်း ၂ နာရီကျော်လောက်က မိုးများပြီး ရေကြီးမှုကြောင့် အိမ်ခြေ ၃၀၀ ၀န်းကျင် ထိခိုက်ပျက်စီးပြီး လူ ၁၀၀၀ ၀န်းကျင် အကူညီတွေ လိုအပ်နေပါတယ်။

ရေမြတ်ကျေးရွာမှာ အိမ်ခြေ ၂၃၇ လုံး ထိခိုက်ပျက်စီးပြီး အဲ့ဒီထဲမှာ အိမ် ၅၃ လုံးမှာ သဲနှုန်း တွေနဲ့ ဖုံးအုပ်ခံလိုက်ရလိုက်ပါတယ်။ ကျည်တောက်ပေါက်ကျေးရွာ အမှတ် ၂ ရပ်ကွက်မှာလည်း အနည်းဆုံး အိမ် ၆ လုံး ပျက်စီးပြီး စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။

နွယ်ရုံနဲ့ ရှောက်ပင်ရိုးတလျှောက် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ လူအသေအပျောက်လည်း ရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ဒေသခံ လူမှုရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ပေး နေပြီး လူဦးရေ ၁၀၀၀ လောက် အရေးပေါ်စားနပ် ရိက္ခာနဲ့ သောက်ရေများ လိုအပ်နေကြောင်း သတင်းရရှိပါတယ်။

ဓာတ်ပုံ - ဇော်ဇော်၊ မတ္တရာလူငယ်
[gallery ids="65395,65396,65397,65398,65399,65400,65401"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013