DVB Logo
Home
Lead Story
နုတ်ထွက်ဖို့ ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်
DVB
·
September 19, 2014
နုတ်ထွက်ဖို့ ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်
Donate to DVB

ပါကစ္စတန်နိုင်ငံမှာ ဆန့်ကျင်ဆန္ဒပြမှုတွေ တိုးလာနေပေမယ့် ၀န်ကြီးချုပ်နာဝပ်ရှရစ် ရာထူးက ဖယ်ပေးဖို့ တင်းခံနေတဲ့အတွက် နိုင်ငံရေးအခြေအနေ ပိုမိုရှုပ်ထွေးလာနေပါတယ်။

နိုင်ငံနဲ့ အ၀ှမ်းက အစိုးရကို ဆန့်ကျင်ဆန္ဒပြသူ ထောင်ပေါင်းများစွားဟာ ပါကစ္စတန်နိုင်ငံရဲ့ မြို့တော် အစ္စလာမ္မာဘက်မြို့မှာ စုရုံးခဲ့ကြပါတယ်။

သူတို့က ၀န်ကြီးချုပ်အိမ်တော်ဆီ သွားရာလမ်းတွေကို ပိတ်ဆို့လိုက်ပြီး “ပြောင်းပေး” ဆိုတဲ့ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။

Pakistan's Prime Minister Nawaz Sharif addresses attendees at a flag raising ceremony to mark the country's 67th Independence Day in Islamabadဆန့်ကျင်ဆန္ဒပြသူ လူငယ်အများစုက တော်လှန်ရေးသီချင်းတွေရဲ့ စည်းချက်အတိုင်း လိုက်ပြီး သရုပ်ပြခဲ့ကြပါတယ်။

သရုပ်ပြရာမှာ ပါဝင်တဲ့ သရုပ်ဆောင်မော်ဒယ် အီဖက်အူမာက “ဘယ်နိုင်ငံရေးမှုမှ ကျမမတက်ဖူးဘူး။ ဒါပေမယ့် ဒီညတော့ ကျမတို့လည်း အပြောင်းအလဲကို လိုချင်တဲ့အတွက် သမီးတွေနဲ့အတူ ဒီကိုရောက်နေရတာပါ။ အင်ရှာလာအီမရန်ခန်းကတော့ အပြောင်းအလဲကို ဆောင်ကျဉ်းပေးမှာပါ” လို့ ပြောပါတယ်။

ခရစ်ကတ်အားကစားသမားတဖြစ်လည်း နိုင်ငံရေးသမား အီမရန်ခန်းဟာ သူ့ကို ထောက်ခံသူတွေ စခန်းချရာမြို့လယ်က သင်္ဘောကုန်သေတ္တာစခန်းကနေ ဒီလှုပ်ရှားမှုကို ဦးဆောင်နေပါတယ်။ ပြီးခဲ့တဲ့မေလက အထွေထွေ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ အများကြီးရှိခဲ့တယ်လို့ သူက စွပ်စွဲလိုက်ပါတယ်။

အီမရန်ခန်းက “ကျနော်တို့ရဲ့ ပထမတောင်းဆိုချက်ကတော့ ၀န်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးဖို့ပါ။ ဒုတိယအချက်က ရွေးကောက်ပွဲအသစ် ကျင်းပ ပေးဖို့ပါ။ တတိယအချက်က အနာဂတ်မှာ မဲရေတွက်မှုတွေ ပွင့်လင်းမြင်သာမှု ရှိအောင် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးဖို့ပါ။ စတုတ္ထအချက်ကတော့ ယာယီအစိုးရ တင်မြှောက်ပြီး ရွေးကောက်ပွဲ ကျင်းပပေးဖို့ပါ။ ပဉ္စမအချက်ကတော့ ဒီလိုဘက်လိုက်မှုတွေ ဖြစ်အောင် အစိုးရက ခန့်အပ် ထားတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အားလုံး နုတ်ထွက်ပေးဖို့ပါ။ ကျနော်တို့ နောက်ဆုံး တောင်းဆိုတဲ့အချက်ကတော့ ရွေးကောက်ပွဲမသမာမှုတွေ လုပ်ခဲ့တဲ့ နာဝပ်ဇ်ရှာရစ်ရဲ့ အပေါင်းပါတွေ အားလုံးကို ထောင်ထဲ ပို့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆ အရ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ စွဲချက်တင် စစ်ဆေးပေးဖို့ပါပဲ။”

၃ ပတ်ကြာ စခန်းချ ဆန္ဒပြပြီးနောက် စက်တင်ဘာ ၁ ရက်နေ့မှာ အစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေဟာ ပါလီမန်အဆောက်အအုံးနဲ့ နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနကို ၀င်ရောက် စီးနင်းခဲ့ကြပါတယ်။

ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ရာမှာ ဆန္ဒပြသူ ၃ ဦး သေဆုံးပြီး ၅၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။ အကြမ်းဖက်မှုတွေ ဖြစ်လာချိန်မှာ ပီတီအိုင်ပါတီ ဥက္ကဋ္ဌ ဂျာဗတ်ဟာ့ရှ်မီဟာ အဖွဲ့ကနေ စွန့်ခွာခဲ့ပါတယ်။

ဂျာဗတ်ဟာ့ရှ်မီ က “ကျနော်က ပါလီမန်နဲ့ နိုင်ငံပိုင် တခြားဘယ်အဆောက်အဦမှ သူ့လူတွေကို သိမ်းခွင့် မပြုဖို့ အီမရန်ခန်းကို အကြံပေးပါတယ်။ ဒါပေမယ့် စစ်တပ်ကလည်း ကူညီချင်တဲ့သဘော ရှိတယ်လို့ သူက ပြောတယ်။ အောင်မြင်ဖို့ဆိုရင် စစ်တပ်ရဲ့ အကူအညီလိုတယ်လို့ အီမရန်ခန်းက ပြောပေမယ့် သိပ်အန္တရာယ်များတယ်လို့ ကျနော် ထင်တယ်” လို့ ပြောပါတယ်။

ဒါပေမယ့် အီမရန်ခန်းကလည်း ဘယ်လို အာဏာသိမ်းမှုမျိုးကို မဆို ဆန့်ကျင်တဲ့အကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်သက်တမ်း တတိယအကြိမ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ နာဝပ်ဇ်ရှာရစ်ဖ်က ရာထူးကနေ ဆင်းပေးဖို့ ငြင်းဆန်နေပါတယ်။

မီးရထားဝန်ကြီး ခါဝါဂျာဆာအဒ်ရာဖိက “ဒီလို ဗိုလ်ကျစိုးမိုးတာမျိုးကို ကျနော်တို့က အညံ့ခံလိုက်ရင် ကျနော်တို့ နိုင်ငံမှာ ကြီးနိုင်ငယ်ညှဉ်း စရိုက်တွေ လွှမ်းသွားမှာပေါ့။ တုတ်တိုတွေ ကိုင်ပြီး မျက်နှာဖုံး စွပ်ထားတဲ့လူတွေက ရာဇ၀တ်မှု ကျူးလွန်သူတွေပဲ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေတော့ မဖြစ်နိုင်ဘူး။ နှစ်ဘက်ခေါင်းဆောင်တွေက တယောက်စကား တယောက်နားထောင်မှ ဒီလို အဖြစ်မျိုး မဖြစ်မှာ။ ဘယ်အဖွဲ့အစည်းကမှ ကျနော်တို့ကို ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖည်အောင်လုပ်လို့ မရဘူး။ ၀န်ကြီးရော၊ ၀န်ကြီးချုပ်ရော ဒီလိုပုံစံမျိုးနဲ့ နုတ်ထွက်ပေးမှာ မဟုတ်ဘူး။ ဒီလို လုပ်ရင် နောင်လာမယ့်ခေါင်းဆောင်တွေ ဘာဖြစ်သွားမလဲ” လို့ ပြောပါတယ်။

ပါကစ္စတန်နိုင်ငံကို စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ အာဏာရှင်တွေဟာ နှစ်ပေါင်း ၄၀ အုပ်ချုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲတွေဟာ နိုင်ငံသမိုင်းမှာ ပထမဆုံး ဒီမိုကရေစီနည်းကျ အာဏာလွှဲပြောင်းတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံအဖို့ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတခု ဖြစ်ဖို့ အချိန်ယူရဦးမယ်လို့ The News International Pakistan မှ ဂျာနယ်လစ် ရှာဟစ်ဟူစိန်ကပြောပါတယ်။

“မဲဆန္ဒနယ်တိုင်းမှာ မသမာမှုတွေဖြစ်နေတယ်။ ဒီလိုမသမာမှုတွေက ပါကစ္စတန်နိုင်ငံ ပေါ်ပေါက်လာကတည်းက ဖြစ်လာခဲ့တာလေ။ တကယ်လို့သာ အိန္ဒိယလို ရွေးကောက်ပွဲ ၃ ပွဲကနေ ၄ ပွဲအထိ ဆက်တိုက်ကျင်းပပေးရင် ဒီလို မဲမသမာမှုတွေ လျော့ကျသွားမှာပါ။ ဒါမှမဟုတ် လုံးဝ နိဂုံးချုပ်သွားမှာပါ။ ဒါကြောင့် ဒီမိုကရေစီစနစ်က ဆက်ရှိနေသင့်သလို စစ်တပ်ကလည်း ၀င်မစွက်သင့်ပါဘူး။”

အာရှဒေသ သတင်းဆောင်းပါးအစီအစဉ်အတွက် ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှ နာအီးမ်ဆာအူတရာက သတင်းပေးပို့ ထားတာပါ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013