DVB Logo
Home
မြန်မာသတင်း
တရက်အတွင်း ရွှေဈေး တကျပ်သား ၂ သိန်းကျော် ခုန်တက်
DVB
·
May 28, 2024
တရက်အတွင်း ရွှေဈေး တကျပ်သား ၂ သိန်းကျော် ခုန်တက်
Donate to DVB

မေ ၂၇ ရက် မနေ့က ဈေးကွက်ပိတ်ချိန် ရွှေတကျပ်သားဟာ ၅၃ သိန်း ၁ သောင်း ဈေးပေါက်ခဲ့ပြီး ဒီနေ့ မေ ၂၈ ရက် ညနေမှာ အခေါက်ရွှေတကျပ်သားကို ၅၅ သိန်းကျော်အထိ စံချိန်တင် မြင့်တက်လာတာကြောင့် ရွှေဈေးဟာ တရက်အတွင်း နှစ်သိန်းကျော် မြင့်တက်လာခဲ့ပါတယ်။

အလားတူပဲ အမေရိကန် ဒေါ်လာ ငွေလဲနှုန်းဟာလည်း မနေ့က တဒေါ်လာကို မြန်မာငွေ ၄၂၀၀ ဝန်းကျင် ရှိနေရာက ဒီနေ့မှာ ၄၃၅၀ ကျပ်အထိ ရှိလာကြောင့် တဒေါ်လာကို ၁၅၀ ကျပ် ဝန်းကျင် မြင့်တက်လာပါတယ်။

ရွှေဈေးတွေ အတက်ကြမ်းနေတာကြောင့် တချို့ရွှေဆိုင်တွေဟာ အရောင်းအဝယ် ခေတ္တရပ်နားထားရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက “ရွှေဈေးကတော့ တောက်လျှောက်တက်နေတာ၊ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေက အများကြီး ပြန်ကျသွားစရာ အကြောင်းတော့ မရှိဘူး ထင်ပါတယ်” လို့ ပြောပါတယ်။

တဖက်မှာလည်း မိုးတွင်းကာလ ရောက်ရှိလာပြီဖြစ်တဲ့အတွက် ရွှေတူးဖော်ရေးလုပ်ငန်းတွေ မိုးရာသီကာလ လုပ်ငန်းရပ်နားတာတွေ ရှိလာမှာဖြစ်လို့ ရွှေအထွက်နှုန်း လျော့ကျလာနိုင်တယ်လို့လည်း ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ရန်ကုန်ရွှေအသင်းရဲ့ မေ ၂၈ ရက်နေ့ ဈေးနှုန်းသတ်မှတ်ချက်ကတော့ အခေါက်ရွှေ တကျပ်သားကို ငွေကျပ်  (၃,၉၉၉၂၈၀၀) သာ သတ်မှတ်ထားပြီး ပြင်ပဈေးကွက်ပေါက်ဈေးနဲ့ ငွေကျပ် ၁၅ သိန်းကျော် ကွာဟချက်ရှိနေပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ ပြင်ပဈေးကွက်မှာ ရွှေနဲ့ ငွေဈေးကစားသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ မကြာခဏပြောနေပေမဲ့ ရွှေနဲ့ဒေါ်လာဈေးတွေ ကျဆင်းမသွားသေးပါဘူး။

မကြာသေးခင်ကလည်း တရားမဝင် ငွေကြေးလုပ်ငန်း လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အွန်လိုင်း နိုင်ငံခြားငွေကြေး အရောင်းအဝယ်လုပ်ငန်း ၁၆ ခုကို ရွှေနဲ့ငွေကြေး ဈေးကွက် စောင့်ကြည့် ထိန်းသိမ်းကြတ်မတ်ရေးလုပ်ငန်းကော်မတီက အရေးယူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013