DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့ရောင်းအားအကောင်းဆုံး ကားကုမ္ပဏီ ၁၀ ခုတွင် တရုတ်ကုမ္ပဏီ Geely ပါဝင်လာ
DVB
·
May 27, 2024
ကမ္ဘာ့ရောင်းအားအကောင်းဆုံး ကားကုမ္ပဏီ ၁၀ ခုတွင် တရုတ်ကုမ္ပဏီ Geely ပါဝင်လာ
Donate to DVB

တရုတ်နိုင်ငံက ကားထုတ်လုပ်တဲ့ ကျဲ့ကျန်း ဂီးလီ ဦးပိုင်အုပ်စုဟာ အခုနှစ် ပထမသုံးလပတ်အတွင်း ကားအစီးရေ ၇၃၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဂီးလီဟာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး ကားကုမ္ပဏီ ၁၀ ခုစာရင်းမှာ ပထမဆုံး ပါဝင်လာတဲ့ တရုတ်ကားကုမ္ပဏီ ဖြစ်လာတယ်လို့ Nikkei Asia  သတင်းက ဖော်ပြပါတယ်။

၂၀၂၃ ပထမသုံးလပတ်တုန်းက ကမ္ဘာ့အဆင့် ၁၂ နေရာမှာရှိခဲ့တဲ့ ဂီးလီအုပ်စုဟာ အခုနှစ် အလားတူ သုံးလပတ်မှာတော့ ဂျာမနီ မားစီးဒီးစ်-ဘင့်ဇ်နဲ့ BMW ကုမ္ပဏီတွေကို ကျော်တက်ပြီး အဆင့် ၁၀ နေရာကို လုယူနိုင်ခဲ့တာပါ။

တခြား တရုတ်ကားကုမ္ပဏီတွေဖြစ်တဲ့ BYD၊ ချန်အန်းအော်တို၊ ချယ်ရီအော်တို၊ SAIC မော်တာ တို့ဟာလည်း အဆင့် ၂၀ အတွင်း ဝင်ခဲ့ပါတယ်။

တမ္ဘာလုံးရောင်းအားကို ကုမ္ပဏီတွေရဲ့ တရားဝင်ထုတ်ပြန်ချက်နဲ့ စျေးကွက်သုတေသန ကုမ္ပဏီ MarkLines ရဲ့ အချက်အလက်တွေကို အခြေခံတွက်ချက်တာ ဖြစ်ပါတယ်။

နှစ်ဦးပိုင်းဆိုရင် တရုတ်နှစ်ကူး အားလပ်ရက်ရှည်ရှိတဲ့အတွက် ရောင်းရက်ပိုနည်းတဲ့အတွက် ပုံမှန်ဆိုရင် တခြားနိုင်ငံက ပြိုင်ဘက်တွေထက် နှစ်ဦးပိုင်းမှာ ရောင်းအားကျလေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ထိပ်တန်း ၂၀ စာရင်းဝင် တရုတ်ကားကုမ္ပဏီငါးခုရဲ့ ရောင်းအားစုစုပေါင်းဟာ ၂၀ ရာခိုင်နှုန်းကျော် တက်လာပါတယ်။

ဂီးလီရဲ့ ရောင်းအားတက်ရတဲ့ အဓိကအကြောင်းရင်းက Zeekr (ဇီကာ) လျှပ်စစ်ကား ရောင်းအားနဲ့လည်း ပတ်သက်နေပါတယ်။

BYD ဆိုရင်လည်း ပထမသုံးလပတ်အတွင်း ကားစီးရေ ၆ သိန်းကျော် ရောင်းရတဲ့နေရာမှာ ၃ သိန်းက လျှပ်စစ်ကား ဖြစ်ပါတယ်။

တရုတ်လျှပ်စစ်ကားတွေဟာ အစိုးရပံ့ပိုးမှုနဲ့ ဈေးသက်သက်သာသာနဲ့ ထိုးဖောက်နေတဲ့အတွက် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

အမေရိကန်က တရုတ်လျှပ်စစ်ကားတွေကို အကောက်ခွန် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

တရုတ်ကားကုမ္ပဏီတွေဟာ ရုရှားနဲ့ ဗဟိုနဲ့ တောင်အမေရိကဈေးကွက်ကိုပါ တိုးချဲ့တင်ပို့နေပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013