DVB Logo
Home
နိုင်ငံတကာ
အမေရိကန်က ICC တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုကြောင်း သမ္မတဘိုင်ဒင် ပြောကြား
DVB
·
May 24, 2024
အမေရိကန်က ICC တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုကြောင်း သမ္မတဘိုင်ဒင် ပြောကြား
Donate to DVB

အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ရဲ့ တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုကြောင်းနဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ညီညီမျှမျှ သဘောထားလို့လည်း မရကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မေ ၂၃ ရက်မှာ ပြောပါတယ်။

ဘိုင်ဒင်က “ICC မှာ အမေရိကန်ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ချပြထားပြီးသား ဖြစ်ပြီး သူတို့တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုဘူး။ အစ္စရေးက လုပ်ဆောင်တာနဲ့ ဟားမတ်စ်တွေ လုပ်ခဲ့တာတွေကြား ညီမျှတယ်လို့လည်း မထင်ပါဘူး” လို့ ပြောပါတယ်။

နိုင်ငံတကာရာဇဝတ်ခုံရုံး အစိုးရရှေ့နေ ကာရင်မ်ခန်းက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုထားတာပါ။

မေ ၂၀ ရက်က ခန်းရဲ့တောင်းဆိုချက်ကို ICC တရားသူကြီးတွေက ပြန်လည်သုံးသပ်ခြင်း၊ ပယ်ချခြင်း သို့မဟုတ် အတည်ပြုခြင်းတို့ကို မပြုလုပ်ရသေးပါဘူး။

ရှေ့နေ ကာရင်မ်ခန်းကတော့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၊ အစ္စရေးကာကွယ်ရေးဦးစီးချုပ်နဲ့ ဟားမတ်စ်ခေါင်းဆောင် ၃ ဦးတို့ဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ရာဇဝတ်ကြွေးကို ပေးဆပ်ဖို့ တာဝန်ရှိနေတယ် ဆိုတာကို သူ့မှာ ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိနေတယ်လို့ ကြေညာထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ICC တရားရုံး အဖွဲ့ဝင် မဟုတ်ပေမဲ့ မနှစ်တုန်းက ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရဲ့ ဆုံးဖြတ်ချက် အပါအဝင် အရင်တရားစွဲဆိုထားမှုတွေကိုတော့ ထောက်ခံထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013