DVB Logo
Home
မြန်မာသတင်း
၄ လအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု  ၈၀၀ ကျော်ပြုလုပ်
DVB
·
May 23, 2024
၄ လအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု  ၈၀၀ ကျော်ပြုလုပ်
1 / 6
Donate to DVB

 

ဇန်နဝါရီလကနေ ဧပြီလအထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၈၁၉ ခုပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်မှာအများဆုံးဖြစ်တယ်လို့   မေ ၂၁ မှာထုတ်ပြန်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

၂၀၂၄ အစောပိုင်း ၄ လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၈၁၉ ခုပြုရာခဲ့ရာမှာ ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှု ၄၀၉ ကြိမ်အများဆုံးပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၂၂၁ ကြိမ်နဲ့ ဒုတိယအများဆုံးပြုလုပ်ခဲ့ပါတယ်။  ကချင်မှာ ၁၉၉ ကြိမ် ၊ ကရင်မှာ ၁၆၂ ကြိမ်၊ ရှမ်းပြည်မြောက်ပိုင်းမှာ ၂၂၇ ကြိမ်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၄၉၉ ကြိမ်၊ ချင်းမှာ ၃၅၃ ကြိမ်၊ ပဲခူးတိုင်းမှာ ၇၃ ကြိမ် ၊ ကရင်နီမှာ ၃၂၁ ကြိမ် ၊ တနင်္သာရီမှာ ၃၉ ကြိမ်၊ မွန်မှာ ၂၃ ကြိမ် ၊ မကွေးမှာ ၂၆ ကြိမ်နဲ့ မန္တလေးမှာ ၁၉ ကြိမ်တိုက်ခိုက်ခဲ့တာလို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ​ဖော်ပြထားပါတယ်။

စစ်ကောင်စီက အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နိုင်ငံတဝန်း အရပ်သား သေဆုံးသူ ၃၅၉ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၅၆ ဦးရှိခဲ့သလို အဲဒီအထဲမှာ အမျိုးသမီးနဲ့ ကလေး ၁၁၄ ထက်မနည်းသေးဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနက ပြောထားပါတယ်။

စစ်ကောင်စီဟာ သူတို့စစ်ရှုံးနိမ်ခဲ့တဲ့ မြို့နယ်တွေကို မကြာခဏလာပြီးတော့ လေကြောင်းတိုက်ခိုက်နေတာကြောင့် ဘယ်လိုမှ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိနိုင်သေးဘူးလို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ခံက ပြောပါတယ်။

"ရခိုင်ပြည်ဘက်က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင်း အရပ်သားထိခိုက် သေဆုံးမှုက နေတိုင်းရှိနေဆဲပဲ၊ AA က သိမ်းပိုက်ထားတဲ့မြို့နယ်တွေကိုလည်း မကြာခဏ လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေကတော့ ဘယ်လိုမှ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု မရှိကြသေးဘူး။ လေယာဥ်တွေလာရင် ဗုံးကြဲမှာကို စိုးရိမ်နေကြရတယ်။” 

စစ်ကောင်စီက နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပြီး တရက်ကို အနည်းဆုံး လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ် ၆ ခုထက်မနည်းကို ပြုလုပ်တယ်လို့ ဉာဏ်လင်းသစ်သုတေသနက ပြောထားပါတယ်။

၂၀၂၄ ခုနှစ် ပထမ ၄ လအတွင်းမှာ စစ်ကောင်စီကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေး အဆောက်အဦး ၅၀ ခု၊ စာသင်ကျောင်း ၃၈ ကျောင်း၊ ဆေးရုံဆေးခန်း ၁၁ ခုတို့ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ရခိုင်က စစ်ရေးအကဲခတ်တဦးက " နိုင်ငံတဝန်းလုံးမှာ အာဏာသိမ်းပြီးကတည်းက လူထုရဲ့ တော်လှန်ခြင်းကို ခံနေကြရတာဖြစ်ပြီး နေရာအနှံမှာ ရှုံးနိမ့်မှုကို ရင်ဆိုင်နေရတာဖြစ်တယ်။ ပြည်သူလူထုကလည်း ထောက်ခံမှုမရှိတဲ့အခါ စစ်အရှုံးတွေကို ရှက်တာကတစ၊ ရှုံးမည်းမည်းတာက တစဖြစ်ပြီးတော့ စစ်ရှုံးတော့မယ့် အဆုံး သူ့တိုကို မထောက်ခံတဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ပြီး တိုက်ခိုက်လာတာဖြစ်တယ်" လို့ပြောပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဧပြီ အထိ နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ် ၂၄၇၁ ကြိမ်ဖြစ်ပွားခဲ့ပြီး တနှစ်ထက်တနှစ် လေကြောင်းတိုက်ခိုက်တွေဟာလည်း တိုးလာနေတယ်လို့ ဉာဏ်လင်းသစ် အဖွဲ့က ​ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Photo/ AA &  ဉာဏ်လင်းသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013