DVB Logo
Home
နိုင်ငံတကာ
ICC ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုမှုကို ကန့်ကွက်ပေးရန် အစ္စရေး တောင်းဆို
DVB
·
May 23, 2024
ICC ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုမှုကို ကန့်ကွက်ပေးရန် အစ္စရေး တောင်းဆို
Donate to DVB

နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အစိုးရရှေ့နေရဲ့ အစ္စရေးခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုမှုကို ကန့်ကွက်ပေးဖို့နဲ့ ဘာဖမ်းဝရမ်းကိုမှ ဂုဏ်ပြုပေးမှာ မဟုတ်ကြောင်း ကြေညာပေးဖို့ အစ္စရေးနိုင်ငံက ယဉ်ကျေးတဲ့ ကမ္ဘာနိုင်ငံတွေကို တောင်းဆိုပါကြောင်း အစ္စရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူက မေ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

အကြမ်းဖက်သမားတွေကို ရွံရှာတဲ့ နိုင်ငံတွေနဲ့ သူတို့ကို ထောက်ခံတဲ့သူတိုင်း အစ္စရေးဘက်က ရပ်တည်ပေးဖို့ ပြောရေးဆိုခွင့်ရှိသူ တာလ် ဟိုင်းန်ရစ်ချ်က ဗီဒီယို သတင်းစာရှင်းလင်းပွဲအတွင်း တောင်းဆိုခဲ့ပါတယ်။

“အမေရိကန်နဲ့ ယူကေ၊ ဂျာမနီ၊ အီတလီနဲ့ ချက်သမ္မတနိုင်ငံတို့က လုပ်ခဲ့သလိုပဲ ဘယ်ဘက်မှာ ရပ်တည်နေတယ် ဆိုတာကို ICC ကို သေသေချာချာ ပြပေးကြပါ” လို့ ပြောပါတယ်။

ICC အစိုးရရှေ့နေရဲ့ ဝရမ်းထုတ်ပြန်ချက်ဟာ အစ္စရေးခေါင်းဆောင်တွေကိုသာမက အစ္စရေးနိုင်ငံအနေနဲ့ ရှင်သန်မှု၊ အကြမ်းဖက်သမားတွေလက်ထဲမှာ သေဖို့ငြင်းဆန်တဲ့ ဂျူးတွေ၊ ခရစ်ယာန်တွေနဲ့ မွတ်စလင်တွေနဲ့ပါ သက်ဆိုင်နေပါတယ်လို့လည်း တာလ်ဟိုင်းန်ရစ်ချ်က ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ် တို့အပေါ် ဖမ်းဝရမ်းထုတ်ဖို့ ICC အစိုးရရှေ့နေ ကာရင်မ်ခန်ရဲ့ ကြေညာချက်ကြောင့် အစ္စရေး ပြည်သူလူထု ဒေါသထွက်ခဲ့ကြပြီး တချိန်တည်းမှာပဲ ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ခေါင်းဆောင်တွေကိုလည်း ဖမ်းဝရမ်းတောင်းခံခဲ့တဲ့ တတန်းတစားတည်း သဘောထားတဲ့ ICC အစိုးရရှေ့နေ ကာရင်မ်ခန်ရဲ့ အထင်အမြင်ကိုလည်း ရှုတ်ချခဲ့ပါတယ်။

ဒါ့အပြင် ဟိုင်းန်ရစ်ချ်ဟာ ဂါဇာမှာ ငတ်မွတ်ခေါင်းပါးမှု မရှိကြောင်းနဲ့ ဒါတွေဟာ ဟားမတ်စ်ရဲ့ ဗျူဟာမှာ ကောင်းကောင်းကစားနေတဲ့ သွေးကိုရင်းကာ အသရေဖျက်သူတွေ ဖြစ်ကြောင်းလည်း ပြောပါတယ်။

စစ်ပွဲစတင်ချိန်ကတည်းက အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ တန်ချိန် ၄၀၀ ကျော် ဝင်ရောက်လာစေဖို့ ကူညီဆောင်ရွက်ပေးခဲ့ပြီး အဲဒီပမာဏဟာ စစ်ပွဲမဖြစ်ခင်ကထက် နေ့စဉ် အစားအစာ ၈၀ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ဟိုင်းန်ရစ်ချ်က ပြောပါတယ်။

အစ္စရေးဟာ အကူအညီတွေ လက်လှမ်းမီမီ ရရှိအောင် လုပ်ဆောင်နေချိန်မှာပဲ ဟားမတ်စ်တွေက အစားအစာတွေကို ခိုးယူကာ ဖြန့်ဖြူးရေးလမ်းကြောင်းတွေကိုလည်း တိုက်ခိုက်ပြီး ဂါဇာဈေးကွက်မှာ အစားအသောက်ဈေးနှုန်းတွေ မြင့်တက်အောင် လုပ်နေကြောင်း ဟိုင်းန်ရစ်ချ်က ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013