DVB Logo
Home
မြန်မာသတင်း
ပလက်ဝတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံး
DVB
·
May 22, 2024
ပလက်ဝတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံး
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တရွန်အိုင်ကျေးရွာကို စစ်ကောင်စီက မေ ၂၁ ရက် ညနေပိုင်းမှာ ဂျက်တိုက်လေယာဉ် ၃ စင်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးတွေ အပါအဝင် ဒေသခံ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တရွန်အိုင်ကျေးရွာကို မနေ့ညနေ ၄ နာခွဲမှာတကြိမ်၊ ၄ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ တကြိမ်နဲ့ ၅ နာရီကျော်မှာတကြိမ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသားတွေနဲ့ ဈေးဝယ်၊ ဈေးရောင်း လုပ်နေသူ ၅ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁၀ ဦးအထိ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပလက်ဝဒေသခံတဦးက ပြောပါတယ်။

“မနေ့က ညနေ ဈေးကျနေတဲ့အချိန်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ လာပြီးတော့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်။ တကြိမ်နဲ့တကြိမ်က ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲ ကွာတာ။ သေဆုံးသွားတာကတော့ ၅ ဦးရှိတယ်။ ထိခိုက်ဒဏ်ရာရရှိသွားတာက ၁၀ ဦးရှိတယ်။ အသက်မပြည့်သေးတဲ့ ကလေးက ၄ ဦးအထိ ပါတယ်။ တဦးက သေသွားတယ်။ နောက် ၃ ဦးက ဒဏ်ရာရသွားတာ။ ဈေးကျနေချိန်မှာ ဈေးကို တမင်ရည်ရွယ်ပြီး လာပစ်သွားတာ။”

လက်ရှိမှာ ဒဏ်ရာရရှိသွားသူတွေ ဆေးကုသမှုခံယူနေကြပြီး ဒဏ်ရာပြင်းထန်သူတချို့ ပါတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေလည်း ရှိတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေမှာ ဦးမောင်သိန်းနိုင် (၃၁ နှစ်)၊ ဦးအောင်ထွန်း (၆၇ နှစ်)၊ မစန္ဒာ (၁၇ နှစ်)၊ ဒေါ်လှခိုင်ဦး (၄၇ နှစ်)၊ ဦးအောင်ကျော်ညွှန့် (၃၃ နှစ်) တို့ ဖြစ်ကြပါတယ်။

ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) က ဇန်နဝါရီလကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး စစ်ကောင်စီက မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်လေ့ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက AA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေနဲ့ တိုက်ပွဲပြင်းထန်နေဆဲ မြို့နယ်တွေကို နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်နေတာကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း မြင့်တက်လာနေပါတယ်။

လက်ရှိမှာ စစ်ကောင်စီနဲ့ AA တို့အကြား သံတွဲ၊ အမ်းနဲ့ မောင်တောမြို့နယ်တို့မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှုလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013