DVB Logo
Home
Lead Story
မာစတာစပေါ့ အလုပ်သမားများ၏ လစာ ကျပ်သိန်း ၂၀၀၀ ကျော်ကို လျော်ပေးမည်
DVB
·
September 18, 2014
မာစတာစပေါ့ အလုပ်သမားများ၏ လစာ ကျပ်သိန်း ၂၀၀၀ ကျော်ကို လျော်ပေးမည်
Donate to DVB

[caption id="attachment_62867" align="alignright" width="300"]မာစတာစပေါ့ စက်ရုံ အလုပ်သမားများ ကိုရီးယားသံရုံးရှေ့တွင် ဆန္ဒပြနေစဉ် (ဇူလိုင် ၁၈ ရက် ၂၀၁၄) မာစတာစပေါ့ စက်ရုံ အလုပ်သမားများ ကိုရီးယားသံရုံးရှေ့တွင် ဆန္ဒပြနေစဉ် (ဇူလိုင် ၁၈ ရက် ၂၀၁၄)[/caption]

ကိုရီးယားလူမျိုးပိုင် မာစတာစပေါ့ ဖိနပ်စက်ရုံက လုပ်ခလစာ မရပဲ နစ်နာနေတဲ့ အလုပ်သမားအယောက် ၇၀၀ အတွက် နစ်နာကြေး ကျပ် သိန်း ၂ ထောင်ကျော်ကို လာမယ့် အောက်တိုဘာ ၉ ရက်နေ့မှာ စက်ရုံနဲ့ ကျန်ရှိပစ္စည်းတွေကို လေလံဆွဲအပြီး ပေးချေသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးထင်အောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က လုပ်ခ လစာမရလို့ ဆန္ဒပြ အလုပ်သမားတွေနဲ့ အလုပ်သမားတွေကြား ပိတ်မိနေတဲ့ ညွှန်ချုပ် ဦးဝင်းရှိန်ကို ၀င်ရောက်ကယ်တင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခ ဖြစ်ပွားပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာပါ။

ဝန်ကြီးဌာနဘက်ကတော့ အလုပ်ရှင် တောင်ကိုရီးယားနိုင်ငံသား ထွက်ပြေး သွားပြီးနောက် စက်ရုံမှာ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို စိစစ်ကြည့်ရာမှာ ကာလတန်ဖိုး ကျပ် သိန်း ၁၂၀၀ ကနေ ၁၆၀၀ ကြားလောက် ရှိမယ်လို့ ယူဆကြောင်း၊ တကယ်လက်တွေ့ လေလံဆွဲရင် ဒီထက် ပမာဏ ပိုများများရနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013