DVB Logo
Home
မြန်မာသတင်း
တရားမ၀င်လက်နက်မှုဖြင့် လူပေါင်း ၁၅၀ ကျော် ဖမ်းဆီးအရေးယူ
DVB
·
September 18, 2014
တရားမ၀င်လက်နက်မှုဖြင့် လူပေါင်း ၁၅၀ ကျော် ဖမ်းဆီးအရေးယူ
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ အခုနှစ်ပိုင်းတွေအတွင်း လူပေါင်း ၁၅၀ ကျော်ကို  တရားမ၀င် လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးအရေးယူခဲ့တယ်လို့  ပြန်ကြားရေးဌာန သတင်းစဉ် ထုတ်ပြန်ချက်အရ သိရပါတယ်။

gun၂၀၁၄ ခုနှစ်ဆန်း ဇန်န၀ါရီလကနေ သြဂုတ်လကုန်အထိ တရားမ၀င်လိုင်စင်မဲ့ ကိုင်ဆောင်တဲ့ လက်နက်ဖမ်းဆီးရမိမှုပေါင်း ၄၅ မှု ရှိပြီး တရားခံ ၅၄ ဦးကို လက်ပစ်ဗုံး၊ ဗုံးသီးတွေ အပါအ၀င် လက်နက်မျိုးစုံ ၆၀ ကျော် ကျည်ဆန်အတောင့် ၂၇၀၀ ကျော်နဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်းမှာလည်း လက်နက်မှုနဲ့ လူပေါင်း ၁၀၆ ဦးကို လက်နက်မျိုးစုံ ၉၀ ကျော်နဲ့ ဖမ်းဆီးမိခဲ့ပြီး ဒီလူတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တရားမ၀င် လိုင်စင်မဲ့လက်နက်ကိုင်ဆောင်သူတွေကို အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အများဆုံး ၇ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေတွေ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားပါတယ်။

မကြာသေးခင်ကမှ  တရားမ၀င် လိုင်စင်မဲ့ လေသေနတ်ကိုင်ဆောင်ထားသူတွေ သက်ဆိုင်ရာ ရဲစခန်းတွေမှာ လာရောက်အပ်နှံကြဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013