DVB Logo
Home
Lead Story
စစ်အာဏာသိမ်း ၂၆ နှစ်ပြည့်
DVB
·
September 18, 2014
စစ်အာဏာသိမ်း ၂၆ နှစ်ပြည့်
1 / 6
Donate to DVB

ဒီမိုကရေစီရရှိရေး တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေကို စစ်အစိုးရက ပစ်ခတ်နှိမ်နင်းပြီး အာဏာသိမ်းယူခဲ့တာ အခုဆိုရင် ၂၆ နှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်ပါတယ်။

၈၈ ဒီမိုကရေစီအရေးတော်ပုံအစက ၁၉၈၇ ခုနှစ်က ငွေစက္ကူတွေကို ပြည်သူပိုင် သိမ်းဆည်းလိုက်ရာကနှေ ပြည်သူလူထု ဆင်းရဲကျပ်တည်းမှု အမျိုးမျိုးအဖုံဖုံ ကြုံတွေ့ခဲ့ရာကနေ စတင်ခဲ့တာပါ။

ဒီနောက် ၁၉၈၈ ခုနှစ် မတ်လမှာ ဖြစ်ပွားခဲ့တဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ဘုန်းမော် အရေးအခင်းအတွင်း စစ်တပ်က ကျောင်းသားတွေကို သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းပြီးနောက် ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ မကျေနပ်မှုက ပိုမိုမြင့်တက်လာခဲ့ပါတယ်။

၁၉၈၈ ခုနှစ် သြဂုတ် ၈ ရက်နေ့မှာတော့ တနိုင်ငံလုံးက ရဟန်းရှင်လူ ကျောင်းသူပြည်သူ ပါဝင်တဲ့ ဒီမိုကရေစီတောင်းဆိုတဲ့ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပါတယ်။

ဒီနောက်မှာတော့ စက်တင်ဘာ ၁၈ ရက်နေ့မှာ လက်နက်မဲ့ ပြည်သူတွေကို စစ်တပ်က ပစ်ခတ်သတ်ဖြတ် နှိမ်နင်းပြီး အာဏာသိမ်းယူခဲ့တာ အခုဆိုရင် ၂၆ နှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်ပါတယ်။

[gallery ids="65287,65288,65289,65290,65291,65292"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013