DVB Logo
Home
နိုင်ငံတကာ
ရဟတ်ယာဉ်ပျက်ကျပြီး သမ္မတသေဆုံးခဲ့ရမှုအတွက် အီရန်တွင် ၅ ရက်ကြာ ဝမ်းနည်းခြင်း ကာလ ကြေညာ
DVB
·
May 21, 2024
ရဟတ်ယာဉ်ပျက်ကျပြီး သမ္မတသေဆုံးခဲ့ရမှုအတွက် အီရန်တွင် ၅ ရက်ကြာ ဝမ်းနည်းခြင်း ကာလ ကြေညာ
Donate to DVB

အီရန်နိုင်ငံမှာ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးခဲ့ရမှုအတွက် နိုင်ငံတဝန်း ၅ ရက်ကြာ ဝမ်းနည်းခြင်းကာလကို ကြေညာထားပါတယ်။

အီရန်သမ္မတ အီဘရာဟင်မ်ရိုင်စီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေကြောင့် ပျက်ကျခဲ့တာလို့ အီရန်အစိုးရ ရုပ်သံက ပြောပါတယ်။

ရဟတ်ယာဉ်ပျက်ကျ သေဆုံးသွားတဲ့ နေရာကို တူရကီဒရုန်းတစီးက ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း အီရန်သတင်းဌာနက ပြောပါတယ်။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီဖို့ တူရကီက AKINCI 01 အမျိုးအစား ဒရုန်းကို စေလွှတ်ခဲ့ တာပါ။

ရဟတ်ယာဉ်ဟာ မြူထူထပ်တဲ့ တောင်ကုန်းမြေပြင်ကို ဖြတ်ကျော်နေချိန် ပျက်ကျခဲ့တာလို့ အီရန်အရာရှိ တဦးက   ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အီရန်ရဲ့ ဩဇာအကြီးဆုံး ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေးနီကတော့  မိုဟမ်မဒ် မွတ်ခ်ဘာကို ကြားဖြတ် သမ္မတအဖြစ် မေ ၂၀ ရက်မှာ ခန့်အပ်ခဲ့ပါတယ်။  မွတ်ခ်ဘာဟာ ရိုင်စီလိုပဲ ခါမေးနီနဲ့ နီးစပ်သူလို့ ရှုမြင်ခံရသူဖြစ်ပါတယ်။ ကွယ်လွန်သူ သမ္မတ ရိုင်စီနေရာမှာ  ဆက်ခံသူကို ရွေးဖို့ သမ္မတ ရွေးကောက်ပွဲကို ကျင်းပနိုင်ရေး အီရန် အစိုးရမှာ အများဆုံးအနေနဲ့ ရက် ၅၀ အချိန်ရ ထားပါတယ်။

အီရန်အခြေခံ ဥပဒေအရ ဒုသမ္မတ (၁) ပါဝင်တဲ့ ကောင်စီ၊ လွှတ်တော် ဥက္ကဋ္ဌနဲ့ တရားစီရင်ရေး အကြီးအကဲတို့ဟာ သမ္မတအသစ်ကို ရွေးကောက်တင်မြှောက်ဖို့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013