
မြန်မာပြည်ရဲ့ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတခုကို ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်မှာ ဒီကနေ့စတင်ပြီး ၂ ရက်ကြာကျင်းပနေပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ ဂျာနယ်လစ်တွေရဲ့ကျင့်ဝတ်နဲ့ မီဒီယာတွေက လိုက်နာရမယ့် အချက်အလက် ဆိုတဲ့ခေါင်းစဉ်နဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် အပါအ၀င် မြန်မာဂျယ်နယ်လစ်ကွန်ရက်က ဦးမြင့်ကျော်၊ မဇျိမသတင်းမီဒီယာက အယ်ဒီတာချုပ်နဲ့ ထိုင်းနိုင်ငံက သတင်းစာဆရာတဦးတို့က ပါဝင်ဆွေးနွေးခဲ့ပါတယ်။
အဲ့ဒီ့ဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့သူအချို့က ပြည်တွင်းမှာ ဆောင်ရွက်နေတဲ့ လူထုအခြေပြုမီဒီယာဥပဒေနဲ့ ပတ်သက်လို့ ဝေဖန် ထောက်ပြပြောဆိုခဲ့တဲ့အပေါ် ပြန်ကြားရေးဝန်ကြီးက အခြားနိုင်ငံတွေမှာလည်း ရှိပါတယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ဒီကနေ့ဆွေးနွေးပွဲမှာ ရုပ်သံမီဒီယာတွေရဲ့အခန်းကဏ္ဍ၊ ဒေသအခြေပြုရေဒီယိုတွေရဲ့ အခန်းကဏ္ဍနဲ့ ရွေးကောက်ပွဲအတွက် သတင်းရေးသားနည်းဆိုတဲ့ ခေါင်းစဉ်တွေကို ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - ထွန်းထွန်းသိန်း၊ ဖိုးကျော်၊ ဒီဗွီဘီ
[gallery ids="65267,65268,65269,65270,65271,65272,65273,65361,65362,65363,65364,65366,65368"]











