DVB Logo
Home
Lead Story
တာချီလိတ်မြို့ ၅ ရပ်ကွက်ခန့် ရေကြီး
DVB
·
September 18, 2014
တာချီလိတ်မြို့ ၅ ရပ်ကွက်ခန့် ရေကြီး
1 / 3
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ညက မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုနဲ့ တောင်ကျရေ စီးဆင်းလာမှုကြောင့် မယ်ဆိုင် ချောင်းရေလျှံပြီး မြို့ပေါ်မြေနိမ့်ရပ်ကွက် ၅ ရပ်ကွက်လောက်မှာ ရေကြီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တာလော့၊ ပုန်းထွန်၊ မကာဟိုခမ်း၊ ဆန်ဆိုင်းနဲ့ မယ်ခေါင်ရပ်ကွက်တွေမှာ အဓိက ရေဘေးနဲ့ ကြုံတွေ့နေရပြီး လမ်းမတွေနဲ့ လူနေ အိမ်တွေထဲထိ ရေတွေဝင်ရောက်နေတာပါ။

ရေဘေးကူညီကယ်ဆယ်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ တာချီလိတ်နာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးလှမိုးက ”ရေက လည်ပင်းလောက်ထိမြုပ်တာပေါ့နော်။ တချို့နေရာတွေဆို တကိုယ်လုံးတောင်မြုပ်တဲ့နေရာတွေရှိတယ်။ အိမ်ထဲတွေမှာလည်း တချို့ဆို နေလို့ မရတော့ဘူး၊ ကုတင်တွေ ဘာတွေတောင် မြုပ်ကုန်တယ်။ ကားပေါ်တက်နေရင်လည်း ကားကို တခါမြုပ်ပြန်ပြီ၊ မှန်လုံကားတွေ ဘာတွေဆိုလည်း ၀မ်းထဲထိ ရေတွေ မြုပ်တာပေါ့။ နေလို့ မရလို့ ကယ်ဆယ်ရေးတွေ သွားပြီး ထမ်းခေါ်လာခဲ့ရတယ်” လို့ ပြောပါတယ်။

ရေကြီးမှုကြောင့် လမ်းတွေနဲ့ စာသင်ကျောင်းတွေလည်း ပိတ်ထားရပြီး တာလော့ဈေးမှာ လည်း ဈေဆိုင်တွေ အများအပြား ပျက်စီးဆုံးရှုံးမှု ရှိခဲ့ပါတယ်။

တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ သီတင်းတပတ်ကျော်လောက်ကပဲ ဆိုးဆိုးရွားရွား ရေကြီးမှုနဲ့ တွေ့ကြုံခဲ့ရပြီး ခုတကြိမ်ထပ်ပြီး ရေကြီးမှုနဲ့ ကြုံတွေခဲ့ရတာပါ။

[gallery ids="65259,65260,65261"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013