DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ် ကျေးရွာများတွင် စစ်တပ်က ဖမ်းဆီးမှုများရှိနေ
DVB
·
September 18, 2014
ချင်းပြည်နယ် ကျေးရွာများတွင် စစ်တပ်က ဖမ်းဆီးမှုများရှိနေ
Donate to DVB

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက ကျေးရွာတွေမှာ ချင်းလက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီး ဒေသခံတွေကို စစ်တပ်က ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ရွာသားတွေက ပြောကြားလိုက်ပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုန်းပြင်ကျေးရွာခံတချို့က ဒီကနေ့ ရန်ကုန်မြို့မှာ လာရာက် သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောကြားလိုက်တာပါ။

Chinပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်ကနေ စက်တင်ဘာ ၁ ရက်အတွင်းမှာ ခလရ - ၃၄၄ မှာ တပ်ရင်းမှူးနဲ့ အဖွဲ့က ရွာသားတွေကို ချင်းအမျိုးသားတပ်ဦး(စီအန်အက်ဖ်)နဲ့ ဆက်သွယ် တယ်ဆိုပြီး သေနတ်နဲ့ ချိန်ရွယ် ဖမ်းဆီးခေါ်ဆောင်မူတွေ လုပ်ခဲ့သလိုပဲ ရိုက်ပုတ် ထိုးကြိတ်တာတွေ လုပ်ခဲ့တာလို့ ကိုယ်တိုင် ဖမ်းဆီးရိုက်နှက်ခံရပြီး ပြန်လွှတ်လာတဲ့ ဦးအောင်ကျော်လှက ပြောပါတယ်။

“ကျနော့်ကို စစ်သားက ကြိုးနဲ့ နောက်ပြန်တုပ်တယ် တုပ်ပြီးမှ ရိုက်တယ်။ ခေါင်းမှာ ရိုက်တော့ ၄ နာရီလောက် သတိမေ့သွားတယ်။ ဖြစ်ချင်တာက သူ့ကို အမြန်ဆုံး အရေးယူပေးဖို့ပါ။”

စက်တင်ဘာ ၄ ရက်နေ့ ညမှာတော့ ဖမ်းဆီးပြီး ပြန်လွှတ်ပေးလိုက်တဲ့ရွာသား ၆ ဦးကို ချင်းအမျိုးသားတပ်ဦး(စီအန်အက်ဖ်)နဲ့ အဆက်အသွယ်လုပ် သတင်းပေးခဲ့တယ်ဆိုပြီး အတင်းအကျပ် ခံဝန်လက်မှတ်ရေး ထိုးခိုင်းခဲ့တယ်လို့လည်း ဖမ်းဆီးခံရွာသားက ပြောပါတယ်။

ရွာသားတွေရဲ့ ခုလို ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး ခလရ - ၃၄၄ တပ်ရင်းဘက်ကို တော့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိခဲ့ပါဘူး။

အေးချမ်းမြန်မာအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်ကတော့ ရွာသားတွေကို စစ်တပ်က ခုလို ဖမ်းဆီးဟာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်လို့ ခုလို ပြောပါတယ်။

“တပ်မတော်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာ ဘာလဲဆိုတာ ပြောတဲ့လူ မရှိဘူး။ တပ်မတော်က ကောင်းတယ်။ ဒါပေမယ့် တပ်မတော်က ပိုကောင်းဖို့ဆိုရင် လူ့အခွင့်အရေးဆိုင်ရာ ကျင့်ဝတ်တွေကို သူတို့ နားလည်ဖို့လိုတယ်။ မြန်မာနိုင်ငံက တပ်မတော်ဟာ ပိုကောင်းတဲ့ တပ်မတော်ဖြစ်ဖို့ဆိုင် လူ့အခွင့်အရေး ကျင့်ဝတ်တွေကို လေးစားလိုက်နာဖို့ လိုတယ်။”

ကုန်းပြင်ကျေးရွာက ရွာသားတွေ ဖမ်းဆီးနှိပ်စက်ခဲ့ရတာနဲ့ ပတ်သက်ပြီး အရေးယူ ပေးဖို့အတွက် ဒေသခံ ၆ ဦးကလည်း စက်တင်ဘာ ၉ ရက်နေ့မှာ ချင်းပြည်နယ်အစိုးရအဖွဲ့ဆီ စာရေး တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013