DVB Logo
Home
မြန်မာသတင်း
လေကြောင်းဗုံးကြဲမှုကြောင့်  မိုးမောက်စျေး မီးလောင်ပျက်စီး၊  မြစ်ကြီးနားတွင်တိုက်ပွဲဖြစ်
DVB
·
May 18, 2024
လေကြောင်းဗုံးကြဲမှုကြောင့်  မိုးမောက်စျေး မီးလောင်ပျက်စီး၊  မြစ်ကြီးနားတွင်တိုက်ပွဲဖြစ်
1 / 5
Donate to DVB

ကချင်ပြည်နယ်၊ မိုးမောက်မြို့ကို စစ်ကောင်စီတပ်က မေ ၁၇ ရက်မှာ လေယာဉ် ဗုံးကြဲ တိုက်ခိုက်တာကြောင့် မိုးမောက်စျေး အပါအဝင် လူနေအိမ် ၁၀ လုံးကျော် မီးလောင် ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မိုးမောက်မြို့ အနီးက စစ်ကောင်စီ ခမရ (၄၃၇) တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က  မေ ၇ ရက်နေ့က စတင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်ရှောင်မြို့ခံတဦးက “လေယာဥ်နဲ့ ဒီရက်ပိုင်းတွေမှာ လာလာကြဲလို့ မိုးမောက်နဲ့ မံပုံရွာကျောက်စခန်းရွာက အိမ်တွေတော်တော် မီးလောင်ပျက်စီးတယ်။ မနေ့ညက အဆိုးဆုံးပဲ ညမိုးချုပ်ကြီးလာကြဲချတာ မီးငြှိမ်းပေးမဲ့လူတွေလည်း မရှိတော့အများကြီးပျက်စီးသွားရပြီ”လို့ ပြောပါတယ်။

အလားတူ မိုးမောက်စစ်တပ် ခမရ ၄၃၇ နဲ့ ကပ်နေတဲ့ မံပုံကျေးရွာနဲ့ ကျောက်စခန်းကျေးရွာမှာ ကျန်နေသေးတဲ့အိမ်တွေကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ မံပုံကျေးရွာအ ဝင်လမ်းတလျှောက်နဲ့ ရွာလယ်ရှိအိမ်ကြီးအိမ်ကောင်းတွေ ပျက်စီးမီးလောင်ခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲစတင်ဖြစ်ပွါးချိန်ကစပြီးခုအချိန်အထိ လေယာဉ်ကနေ မီးလောင်ဗုံးကြဲချမှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လူနေအိမ်ခြေ ၁၀၀ ကျော် ထိခိုက် ပျက်စီးခဲ့ ရတယ်လို့ သိရပါတယ်။ 

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နေအိမ် အများအပြား ထိခိုက်ပျက်စီး မီးလောင်ပြာကျရတယ်လို့ မြို့ခံတွေကနေ သိရပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း မေ ၁၈ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတော်လှန်ရေးတို့ ပစ်ခတ်မှု ဖြစ်ပွားပြီး ပြည်သူ ၁ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သိရပါတယ်။

ပမ္မတီးရပ်ကွက် အနီးမှာရှိတဲ့ စစ်ကောင်စီတပ် နမ့်ပေါင် လေတပ်စခန်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ရာ  အရပ်သားနေအိမ်တွေအနီး ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက " မနက်၄ နာရီလောက်ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ နမ့်ပေါင် လေတပ်စခန်းရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတယ်။ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ ဘယ်အဖွဲ့ကပစ်တဲ့ လက်နက်ကြီးကျည်လဲတော့ မသိဘူး။ ပမ္မတီးရပ်ကွက်ထဲကျတယ်။ တယောက်ကတော့ ပွဲချင်းပြီး သေတယ်။ ၅ ဦးလောက်လည်း ထိခိုက်ဒဏ်ရာရတယ်"လို့ ပြောပါတယ်။

လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ အမျိုးသားတဦးနဲ့ ဒဏ်ရာရသွားသူ  ၅ ဦးကိုတော့  လူနာတင်ယာဉ်တွေနဲ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013