DVB Logo
Home
မြန်မာသတင်း
မြန်မာဒုက္ခသည်များကို နေရပ်ပြန်မပို့ရန် အိန္ဒိယကို တိုက်တွန်း
DVB
·
May 18, 2024
မြန်မာဒုက္ခသည်များကို နေရပ်ပြန်မပို့ရန် အိန္ဒိယကို တိုက်တွန်း
Donate to DVB

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့တာတွေ မလုပ်ဘဲ လူသားချင်းစာနာတဲ့အနေနဲ့ ကူညီ စောင့်ရှောက်ပေးဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့က အိန္ဒိယ အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ မြန်မာဒုက္ခသည် တွေကို မဏိပူပြည်နယ်အစိုးရက နေရပ်ပြန်ပို့ဖို့စီစဉ်နေတာကြောင့် လူသားချင်းစာနာတဲ့အနေနဲ့ ကူညီစောင့်ရှောက်ပေးဖို့ အိန္ဒိယကို တောင်းဆိုထားတာပါ။

မြန်မာဘက်ကိုပြန်ပို့မယ့် ဒုက္ခသည် ၇၇ ယောက်ထဲ ပထမအသုတ်အဖြစ် ၃၈ ယောက်ကို ပြီးခဲ့တဲ့ မေ ၂ ရက်က ပြန်ပို့ခဲ့တယ်လို့ မဏိပူပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်းဂျ်က ပြောပါတယ်။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ထွက်ပြေးလာရသူတွေအတွက် ယာယီခိုလှုံခွင့် ဒါမှမဟုတ် လိုအပ်တဲ့အကူအညီတွေပေးဖို့ အိန္ဒိယအစိုးရကိုတောင်းဆိုထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက DVB ကို ပြောပါတယ်။

“အခုချိန်မှာ ပြန်ပို့တာကလူသားချင်းစာနာလို့ ပြန်ပို့တာမဟုတ်ဘဲ ဒုက္ခရောက်နိုင်တဲ့သူတွေကိုပြန် ပို့တာစိတ်မကောင်းစွာတွေ့ရပါတယ်။ ဒါကိုရပ်တန့်ဖို့ ထွက်ပြေးတိမ်းရှောင်ရသူတွေ ကို လူသားချင်းစာနာတဲ့ အနေနဲ့ယာယီခိုလှုံခွင့် ဒါမှမဟုတ် လိုအပ်တဲ့အကူအညီတွေပေးဖို့ NUG အနေနဲ့ အိန္ဒိယအစိုးရကိုတောင်းဆိုပါတယ်။ လူသားဆန်စွာနဲ့ ကူညီစောင့်ရှောက်ပေး ဖို့ ထပ်မံပြောလိုပါတယ်။”

မဏိပူမှာပြည်နယ်မှာ မြန်မာဒုက္ခသည် ၅၅၀၀ ကျော် ရှိနေတယ်လို့ဆိုပြီး သူတို့ထံကနေ  Bio Metric (ကိုယ်ရေးဇီဝအချက်အလက်)တွေကို အိန္ဒိယက ကောက်ယူထားကာ  မြန်မာဘက်ကို အဲ့ဒီအချက်အလက်တွေကိုပါ လွှဲပြောင်းပေးမှာကို စိုးရိမ်နေကြကြောင်း India For Myanmar  အရပ်ဖက်အဖွဲ့က ဆလိုင်းဒိုခါရ်ကလည်း ပြောပါတယ်။

မြန်မာဒုက္ခသည်တွေရောက်ရှိနေကြတဲ့ တခြားပြည်နယ်တွေမှာလည်း ဇီဝအချက်အလက်တွေ ကောက်ခံမယ်ဆိုတဲ့သတင်းတွေကြားနေရပြီး အချက်အလက်‌တွေရဲ့ လုံခြုံရေးအာမခံချက်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။

ဆလိုင်းဒိုခါရ်က “ကျနော်တို့ အစိုးရိမ်ဆုံးက စကစ လက်ထဲကို ပြန်လွှဲတဲ့အပြင် biometric ပါ ကောက်ထားတာ။ ဒီဟာပါ ပြန်ပို့ရင် စကစက ဒါကိုအခြေခံပြီး ကြိုက်သလိုလုပ်မှာကို အင်မတန်စိုးရိမ်ရတဲ့အနေအထားပေါ့။ အိန္ဒိယကိုခိုလှုံတဲ့သူအားလုံးက လုံးဝမလုံခြုံလို့ အရမ်းအခက်အခဲတွေ ကြားကနေ ခိုလှုံရတဲ့သူတွေ ဖြစ်တော့ မြန်မာကို ရုတ်တရတ်ကြီး အပို့ခံလိုက်ရရင်တကယ်လည်း အန္တရာယ်ရှိသလို စိုးရိမ်ကြတဲ့အနေအထားလည်း ဖြစ်တယ်။ မီဇိုရမ်မှာလည်း biometric  ကောက်မယ်ဆိုပြီး အသံထွက်လာတယ်။ တခြား အာမခံချက်မရှိရင်တောင် လုံခြုံရေးအရအာမခံချက်ပေးဖို့ တွန်းသွားဖို့ရှိလိမ့်မယ်”လို့ ပြောပါတယ်။

မြန်မာဒုက္ခသည်တွေကို အတင်းအကျပ်နေရပ်ပြန်ပို့မှာနဲ့ပတ်သက်ပြီး အိန္ဒိယကို နိုင်ငံတကာက တောင်းဆိုမှုတွေလည်း ရှိလာပါတယ်။

ပြန်ပို့မယ့်အစီအစဉ် ချက်ချင်းရပ်ဆိုင်းဖို့နဲ့ ဒုက္ခသည်တွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့နေရာတွေကို အတင်းအကျပ်ပြန်မပို့ရေးဆိုတဲ့ နိုင်ငံတကာ သဘောတူညီချက်ကို လေးစားသမှုရှိဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ (ICJ) က အိန္ဒိယနိုင်ငံကို တောင်း ဆိုခဲ့ပါတယ်။

အိန္ဒိယဟာ တိုက်ပွဲတွေမှာ အရေးနိမ့်လာတဲ့စစ်ကောင်စီတပ်သားတွေ သူ့နယ်မြေထဲ ထွက်ပြေး တာတွေနဲ့ ကြုံနေရတဲ့အပြင် သောင်းနဲ့ချီတဲ့ မြန်မာ ဒုက္ခသည်တွေကို လက်ခံထားရပါတယ်။

စစ်အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံသား ၆၀၀၀၀ နီးပါး အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အများစုဟာ မီဇိုရမ်ပြည်နယ်မှာ ရောက်ရှိနေထိုင်ကြတယ်လို့ အရပ်ဖက်အဖွဲ့တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်သန်းခွင့် ပိတ်သိမ်းမယ့်အရေးနဲ့ပတ်သက်ပြီးတော့လည်း မီဇိုရမ်ပြည်နယ်မှာ မေ ၁၆ ရက်က  ဒေသခံတွေက  ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

မြတ်ကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013