DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင် (SSPDF) အမှတ် ၁၀၀၅ တပ်ရင်းက ရဲဘော် ၃ ဦးကျဆုံး
DVB
·
May 17, 2024
ရှမ်းတောင် (SSPDF) အမှတ် ၁၀၀၅ တပ်ရင်းက ရဲဘော် ၃ ဦးကျဆုံး
Donate to DVB

ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းစစ်မျက်နှာပြင်တခုမှာ စစ်ကောင်စီတပ်ကို တော်လှန်ရင်း ရှမ်းတောင် အမှတ် ၁၀၀၅ တပ်ရင်း (SSPDF) တပ်ဖွဲ့က ရဲဘော် ၃ ဦးဟာ မေ ၁၅ ရက်မှာ ကျဆုံးခဲ့တယ်လို့ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

မေ ၁၅ ရက်မှာ ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းတနေရာမှာ ကျဆုံးခဲ့ပြီး မေ ၁၆ ရက်မှာတော့ ကျဆုံးရဲဘော် အာကြီး၊ စိုးကြီးနဲ့ white တို့အတွက် ရေစက်ချ အမျှဝေ တရားနာတာ၊ အမိန့်ပြန်တမ်း ထုတ်ပြန်တာ၊ မြေချသင်္ဂြိုဟ်တာ၊ အလေးနီပြုတာ၊ စျာပနပြုလုပ်ပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တပ်ရင်းက ပြန်ကြားရေးတာဝန်ခံ မနန်းစံက “အာကြီးဆိုရင် မဟာမိတ်ကသူတွေအကုန် သူ့ကိုသိတယ်။ အမြဲပြုံးပြုံးနဲ့ပေါ့။ ဦးဆောင်နိုင်စွမ်းလည်းရှိတယ်။ ၁၀၀၅ တပ်ရင်း ကုတ်မကျခင်ကတည်းက အတူတူ သင်တန်းတွေတက်ခဲ့တယ်။ စစ်ရေးကိစ္စတွေမှာလည်း စေ့စပ်တယ်။ အမြဲတမ်းလည်း အနစ်နာခံတယ်။ စိုးကြီးနဲ့ white ဆိုရင်လည်း တကယ်ကို ကြိုးစားကြတဲ့လူငယ်တွေ ဖြစ်တယ်” လို့ ပြောပါတယ်။

ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ ဦးရဲ့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပြီး မပြီးပြတ်သေးတဲ့ တော်လှန်ရေးလုပ်ငန်းစဥ်တွေကို ကျန်ရှိနေတဲ့ ရဲဘော်ရဲဘက်တွေက ဆက်လက် တာဝန်ထမ်းဆောင်ရင်း စစ်ကောင်စီတပ် ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

“အာကြီးရဲ့မွေးနေ့ မတိုင်ခင်လေးမှာ သူ့ရဲ့စျာပနကို လုပ်ပေးလိုက်ရတယ်။ တကယ်ကို စိတ်မကောင်းဖြစ်ရတယ်။ သူက ခင်ဖို့လည်းကောင်းတယ်။ အမြဲတမ်းပြုံးနေတာပဲ၊ ခုတော့ သူမရှိတော့ဘူး” လို့ ရဲဘော်တဦးက ပြောပါတယ်။

SSPDF တပ်ရင်းက ကရင်နီပြည်နယ်တကြောက ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်မျက်နှာပြင် ၄ နေရာနဲ့ ရှမ်းပြည်တောင်ပိုင်းက စစ်မျက်နှာပြင်တွေမှာ စစ်ကောင်စီတပ်ကို ကာကွယ်ရေး တပ်တွေနဲ့အတူ တွန်းလှန်တိုက်ခိုက်နေပြီး တော်လှန်ရေးကာလအတွင်း ရဲဘော် ၄ ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013