DVB Logo
Home
Lead Story
သံလွင်အထက်ပိုင်း မိုင်းတုံမှာ အကြီးဆုံး ရေကာတာကြီး ဆောက်မည်
DVB
·
September 18, 2014
သံလွင်အထက်ပိုင်း မိုင်းတုံမှာ အကြီးဆုံး ရေကာတာကြီး ဆောက်မည်
Donate to DVB

Shan_stateစက်တပ်ဆင်အား မဂ္ဂ၀ပ် ၇ ထောင် ရှိပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ သန်းပေါင်း ၃ သောင်းခွဲ ထွက်ရှိမယ့် အထက်သံလွင် မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်းကြီးကို တရုတ်နိုင်ငံ Three Gorges ကော်ပိုရေးရှင်းနဲ့ ပြည်တွင်းက IGE ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့် ပေးထားတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမော်သာထွေးက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းဝါနုရဲ့ မေးခွန်းကို ပြည်ထောင်စုဒုဝန်ကြီးက ဖြေခဲ့တာပါ။

အမတ် ဒေါ်နန်းဝါနုက သံလွင် ရေကာတာ စီမံကိန်းကြီးကြောင့် ကြီးမားတဲ့ ရေ၀ပ်ဧရိယာကြီး ဖြစ်ပေါ်လာမယ့် အခြေအနေအပေါ် စိုးရိမ်နေကြတဲ့ ဒေသခံတွေက သိလိုတာကြောင့် မေးမြန်းရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးမော်သာထွေးကတော့ ရေ၀ပ် ဧရိယာ စတုရန်း မိုင် ၂၆၀ ကျော်ရှိမယ်။ ရေကာတာကြီးနဲ့ ပတ်သက်ပြီး စီးပွားရေးနဲ့ လူမှုရေး ထိခိုက်မှုဆိုင်ရာ လေ့လာမှုတွေ လုပ်နေပြီလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013