DVB Logo
Home
မြန်မာသတင်း
ကျောင်းစာသင်ခုံ မလုံလောက်မှု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ထဲ ဖြည့်ဆည်းပေးမည်ဟု ဆို
DVB
·
September 18, 2014
Donate to DVB

schoolမြန်မာပြည်ဒေသအသီးသီးရှိ အခြေခံပညာကျောင်းတွေမှာ လိုအပ်နေတဲ့ စာသင်ခုံ၊ စားပွဲနဲ့ ကုလားထိုင်တွေကို လာမယ့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ထဲ ထည့်သွင်းရေးဆွဲပြီး ဖြည့်ဆည်းပေး သွားမယ်လို့ စက်တင်ဘာလ ၁၇ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ပညာရေးဒုဝန်ကြီး ဦးဇော်မင်းက ပြောပါတယ်။

အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးရဲ့ အမေးကို ဖြေရင်း ပညာရေးဒုဝန်ကြီးက ပြောကြားခဲ့တာ ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနက ထပ်ပြီး တည်ဆောက် မယ့် ကျောင်းအလုံးအရေအတွက်တွေ လွှတ်တော်ထံ တင်ပြထားတာလည်း ရှိတယ်။ ဘယ်ကျောင်းကို ဘယ်လောက်ခွင့်ပြုပြီး ငွေကြေးချထားပေးတာ မပါလို့ မေးတာကို ရေရေရာရာ ဖြေမသွားဘူးလို့ မေးခွန်းရှင် ဦးသိန်းထွန်းဦး က ပြောပါ တယ်။

ဝန်ကြီးဌာနတွေ တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ဖို့ ဘတ်ဂျက်ချထားပေးတာရဲ့ တ၀က်လောက်ကို လာဘ်စားတာတွေရှိနေတယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က စက်တင်ဘာ ၁၆ ရက် လွှတ်တော်ထဲ ထုတ်ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013